October 20, 2024

၁၈. ၁၁. ၂၀၂၃
Written by Nay Moe

အွန်လိုင်း မီဒီယာတစ်ခုဖြစ်တဲ့ “ကျိုက်ထိုအသံ” Page ဟာ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) အဖွဲ့က အဖွဲ့ဝင်တစ်ဦးအမည်ကို သုံးစွဲပြီး ပြည်သူလူထုအပေါ် ခြိမ်းခြောက်၊ ငွေညှစ် တောင်းခံတယ်လို့ စုံစမ်းစစ်ဆေးသိရှိခဲ့ရတယ်လို့ KRF က ထုတ်ပြန်ထားပါတယ်။

KRF အနေနဲ့ ပြည်သူလူထုအပေါ် လက်နက်ပြ ခြိမ်းခြောက် အနိုင်ကျင့် ငွေညှစ်တဲ့ လုပ်ရပ်မျိုး ယခင်ကလည်း မလုပ်ခဲ့သလို၊ ယခုလည်း မလုပ်ဘဲ နောင်လည်း လုပ်ဆောင်မည်မဟုတ်ကြောင်းလည်း KRF က အသိပေးပါတယ်။

“ကျိုက်ထိုအသံ” က KRF အဖွဲ့ဝင်တစ်ဦး နာမည်ကို အသုံးချပြီး ပြည်သူလူထုအပေါ် ခြိမ်းခြောက် ငွေညှစ်တောင်းခံတာကို ပြင်းထန်စွာ ရှုတ်ချပြီး ထပ်မံပြုလုပ်ပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ “ကျိုက်ထိုအသံ” အွန်လိုင်းမီဒီယာဟာ KRF နဲ့ လုံးဝ (လုံးဝ) ပတ်သက်ဆက်နွယ်ခြင်းမရှိတော့ဘူးလို့လည်း ဖော်ပြထားပါတယ်။

KRF ဟာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိဖြစ်ခဲ့တဲ့ CDM ရဲ အေးမင်းထွန်းဦးဆောင်တဲ့ အဖွဲ့ဖြစ်ပြီး ဒီအဖွဲဟာ ပြည်သူတွေကို မကြာခဏတိုက်ခိုက်သတ်ဖြတ်နေတဲ့အပြင် တံတားတွေကို မိုင်းခွဲဖျက်ဆီးမှုတွေလည်း လုပ်တတ်ပြီး ၂၀၂၂ အောက်တိုဘာ ၁၂ ရက်တုန်းကလည်း ကျိုက်ထီးရိုးဘုရားတောင်တက်ကားဂိတ်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဘုရားဖူးပြည်သူလေးဦးသေဆုံးခဲ့ရသလို ရဲတပ်သားတစ်ဦးအပါအဝင် ပြည်သူ ၁၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *