၁၇ .၁၁ .၂၀၂၃
Written by Hey Mar
ဘရိတ်ပေါက်ကာ လမ်းဘေးက ကထိန်အလှူခံမဏ္ဍပ်ကို ဝင်တိုက်တဲ့ YBS ယာဥ်ကြောင့် မဏ္ဍပ်အတွင်း အကျိုးတော်ဆောင်နေတဲ့ သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို တိုက်မိကာ နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ နိုဝင်ဘာ ၁၇ ရက် မနက် ၁၁ နာရီဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး ၊မင်္ဂလာဒုံမြိုနယ်၊ အောင်မင်္ဂလာအဝေးပြေးအရှေ့၊ ကားမှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဥ်ကို သွားရောက်ကူညီခဲ့တဲ့ ပုလဲအရန် မီးသတ်တပ်ဖွဲ တာဝန်ရှိသူထံက သိရပါတယ်။
ဖြစ်စဥ်အရ ထောက်ကြန့်ကနေ အရှေ့ဒဂုံအထိ ပြေးဆွဲတဲ့ YBS-92 မီနီဘတ်ယာဥ် ဘရိတ်ပေါက်ပြီး လမ်းဘေးအလှူခံမဏ္ဏပ်ကို ဝင်ရောက်တိုက်မိရာက အလှူခံမဏ္ဏပ်ထဲမှာ ထိုင်နေတဲ့ အသက်ကြီးပိုင်းအမျိုးသားတစ်ဦး ကားအောက်ရောက်ကာသေဆုံးခဲ့တာပါ။
“လူက အသက် ၆၀ ဝန်းကျင်။ ကားအောက်ထဲ ခွေခေါက်ညပ်နေတာ။ အတော် ခက်ခက်ခဲခဲ ဆွဲထုတ်လိုက်ရတယ်။ ဘရိတ်ပေါက်ပြီး တက္ကစီရဲ့ နောက်ပိုင်းကိုလည်း ဝင်တိုက်တာ။ အရှိန်များတယ်။ ဓာတ်တိုင်နဲ့ တိုက်မိတဲ့ အရှိန်ကြောင့် ယာဥ်ပေါ်ပါသူတချို့လည်းထိခိုက် ဒဏ်ရာရတယ်”လို ပုလဲ အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
သေဆုံးသူရုပ်အလောင်းကို မေဓာဝီဆေးရုံမှာ အလောင်းအပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။