October 19, 2024

၁၇. ၁၁. ၂၀၂၃
Written by Pan Ei

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့က ၃၀ မီတာလောက် အမြင့်ရှိတဲ့ ကမ္ဘာ့အကျော်ကြားဆုံးသော ယေရှုရုပ်တုမှာ “Welcome to Brasil” ဆိုတဲ့ စာသားပါတဲ့ တီရှပ်ကို ဝတ်ဆင်ထားတဲ့ပုံစံ ပရိုဂျက်တာနဲ့ ထိုးပြီး စံချိန်ပေါင်းများစွာချိုးကာ အောင်မြင်မှုများစွာရရှိထားတဲ့ The Eras Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဘရာဇီးနိုင်ငံကို ရောက်ရှိနေတဲ့ တေလာဆွစ်ကို ကြိုဆိုခဲ့တာပါ။

တေလာဆွစ်ဟာ သူမဖျော်ဖြေပွဲပြုလုပ်မယ့် ရီယိုဒီဂျနေရိုးမြို့ကို မနေ့က သူမရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရောက်ရှိနေခဲ့တာဖြစ်ပြီး မနေ့ညက ယေရှုရုပ်ထုမှာ ပရိုဂျက်တာနဲ့ ထိုးပြခဲ့တဲ့ တီရှပ်ပုံစံထဲမှာ သူမရဲ့ နာမည်ကြီး သီချင်း “All Too Well” ထဲက ပဝါပုံစံ၊ သူမသီချင်း “The Archer” ကို ရည်ညွှန်းတဲ့ လေးနဲမြား ပုံစံလေးတွေလည်းပါဝင်ပြီး ရှပ်အင်္ကျီရဲ့ဒီဇိုင်းဟာလည်း “You Belong With Me” သီချင်းထဲမှာ တေလာဆွစ် ဝတ်ဆင်ထားတဲ့ ဒီဇိုင်းနဲ့ ဆင်တူပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-17_13-07-01-1024x693.jpg

ခုလိုကြိုဆိုတဲ့ အစီအစဉ်ကို တေလာဆွစ်ရဲ့ ဘရားဇီးက ပရိသတ်များစွာက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကာ မြို့တော်ဝန် Eduardo Paes ကလည်း ခွင့်ပြုပေးခဲ့ပြီး “တချို့အဆိုအရတော့ သူမဟာ ဒီနေ့ခေတ်ရဲ့ မိုက်ကယ်ဂျက်ဆင်ဖြစ်ပြီး၊ ကျွန်တော့်အတွက်ကတော့ မက်ဒေါနားပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

တေလာဆွစ်ဟာ ရီယိုဒီဂျနေရိုမြို့မှာ ဒီနေ့ (နိုဝင်ဘာ ၁၇ ရက်) ကစပြီး ၃ ရက်တိုင်တိုင်ဖျော်ဖြေသွားမှာဖြစ်သလို ဆော်ပိုလိုမြို့မှာလည်း နိုဝင်ဘာ ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

Ref; NBC news

Leave a Reply

Your email address will not be published. Required fields are marked *