October 19, 2024

၁၇. ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် ရပ်ဆိုင်းခဲ့သော ရန်ကုန်မြို့လယ်ရှိမီးရထားရုံးချုပ်ဟောင်းနေရာတွင် တည်ဆောက်မည့်အဆောက်အဦစီမံကိန်းကို ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်စတင်ရန် မြန်မာစီးပွားရေးလုပ်ငန်းစု ရိုးမ အုပ်စုက မျှော်လင့်လျက်ရှိနေကြောင်း ဂျပန်အခြေစိုက်သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူစတော့အိတ်ချိန်းတွင် မှတ်ပုံတင်ထားသော ရိုးမ စီးပွားရေးလုပ်ငန်းစု၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရန်ကုန်မြို့တွင်တည်ဆောက်ရန် စီစဉ်ထားသော Yoma Central စီမံကိန်းကို ပြန်လည်စတင်နိုင်ရန် အစီအစဉ်များအတိုင်း လုပ်ဆောင်သွားရန် ပြင်ဆင်နေကြောင်း ပြောသည်။ အဆိုပါ စီမံကိန်းနှင့်ပတ်သက်သော ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ရိုးမစီးပွားရေးလုပ်ငန်းစုက ပိုင်ဆိုင်ထားပြီး ဂျပန်နိုင်ငံအခြေစိုက် မစ်ဆူဘီရှိ စီးပွားရေးလုပ်ငန်းစုကလည်း ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို မြေဧရိယာ ၄ ဟတ်တာပေါ်တွင် တည်ဆောက်ရန် စီစဉ်ထားပြီး စီမံကိန်းမြေပေါ်၌ ဟိုတယ်နှင့် လူနေအိမ်ခန်းတို့ ပါဝင်သည့် အဆောက်အအုံ (၄) လုံး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ရိုးမ စီးပွားရေးလုပ်ငန်းစုက စီမံကိန်းတွင် ပါဝင်မည့် လူနေအိမ်ယာတာဝါတည်ဆောက်မှုများကို ပြန်လည်စတင်ဖွယ်ရှိနေကြောင်း ပြောသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စီးပွားရေးပတ်ဝန်းကျင်လည်း အရှုပ်အထွေးများရှိနေဆဲဖြစ်ကြောင်း သိရသည်။

ရိုးမစီးပွားရေးလုပ်ငန်းစုက လုပ်ကိုင်မည့် အဆိုပါ စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင်စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်ရန် ပစ်မှတ်ထားခဲ့ကြောင်း သိရသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ကအာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေးကမောက်ကမဖြစ်မှုများ ဖြစ်လာခဲ့ကြောင်း သိရသည်။ ရိုးမစီးပွားရေးလုပ်ငန်းစုက မြန်မာနိုင်ငံတွင်လုပ်ကိုင်ရန် ဆိုင်းငံ့ထားသော စီမံကိန်းများထဲတွင် အဆိုပါနေရာရှိ ရှန်ဟိုင်း ဟိုတယ်စီးပွားရေးလုပ်ငန်းစုတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်စီစဉ်ထားသည့် The Peninsula Yangon ဟိုတယ်တည်ဆောက်ရေးစီမံကိန်းလည်း ပါဝင်နေကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အိမ်ခြံမြေ လုပ်ငန်းထဲသို့ စီးဝင်မှုများရှိနေခဲ့ရာ အဆိုပါ အိမ်ခြံမြေရောင်းအားကြောင့် ရိုးမစင်ထရယ်စီမံကိန်းကို ပြန်လည်စတင်နိုင်ရေး တွန်းအားဖြစ်စေခဲ့ကြောင်း ဂျပန်အခြေစိုက်သတင်းတွင် ဖော်ပြထားသည်။

Ref; asia.nikkei.

Leave a Reply

Your email address will not be published. Required fields are marked *