October 20, 2024

MT News

၁၅. ၁၁. ၂၀၂၃

မြိုင်မြို့ပေါ်သို့ PDF များက လက်လုပ်စိန်ပြောင်းများ၊ Drop ဗုံးများပစ်ချတိုက်ခိုက်၍ စာသင်ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ဆရာမ ၂ ဦးနှင့် ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု ယနေ့ညတွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့် တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့အတွင်းသို့ PDF များက မြို့၏ အနောက်တောင်ဘက်နှင့်အရှေ့ဘက် ငှက်ပျောတွင်းကျေးရွာတို့မှနေ၍ လက်လုပ် စိန်ပြောင်းများ၊ Drone များအသုံးပြု၍ Drop Bomb များဖြင့် မြို့ပေါ် ရပ်ကွက်များ အတွင်းသို့ ပစ်ချတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်သည့် ဗုံးသီးများသည် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းတွင်သင်ကြားရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် ကျောင်းဆရာမ ၂ ဦးနှင့် အသက် ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ် ကျောင်းသူ ၂ ဦး စုစုပေါင်း ၄ ဦး ဗုံးသီးစ ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ကျောင်းဆောင် ၁ ဆောင်နှင့် မြို့နယ်ပြည်သူ့ဆေးရုံ၏ အမိုးသွပ်များ၊ မျက်နှာကြက်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မြိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *