October 19, 2024

◾ တစ်ဦးက သတ်သေပြီး ကျန်သုံးဦးကို မိခင်နိုင်ငံထံ လွှဲပြောင်း

၁၆ . ၁၁. ၂၀၂၃

Written by Nay Moe

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဖျားယောင်းမှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ် ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော Ming Xuechang (မြီရှောက်ချန်း)၊ Ming Guoping(မြီကော်ဖျင်း)(ခ)Ming Xiaoping (မြီရှောက်ဖျင်း)၊ Ming Julan (မြီကျွီလန်) နှင့် Ming Zhenzhen(မြီကျိန်းကျိန်း)တို့ကို ဥပဒေအရ အရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်းကို သတင်းထုတ်ပြန်ထားရှိပြီးဖြစ်သည်။

အဆိုပါ ဖမ်းဝရမ်းထုတ်ထားသူများအနက် Ming Xuechang(မြီရှောက်ချန်း)၊ Ming Guoping. (မြီကော်ဖျင်း)(ခ)Ming Xiaoping (မြီရှောက်ဖျင်း)နှင့် Ming Zhenzhen (မြီကျိန်းကျိန်း)တို့ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အား ဖမ်းဆီးစဉ် Ming Xuechang(မြီရှောက်ချန်း) သည် ၎င်း တရားမဝင်ကိုင်ဆောင်ထားရှိသည့် ပစ္စတိုသေနတ်ဖြင့် မိမိကိုယ်ကို ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

This image has an empty alt attribute; its file name is 402129457_638803961759008_2861695799095505971_n.jpg

အထက်ပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရအရေးယူနိုင်ရေး အတွက် ယနေ့မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်း နယ်စပ်ဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပြီး Ming Xuechang (မြီရှောက်ချန်း) ၏ ရုပ်အလောင်းအား တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွားခြင်းမရှိဘဲ လိုအပ်သည်များ စစ်ဆေးအတည်ပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဖျားယောင်းမှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေး ကူညီခြင်းများကို ကျူးလွန်ခြင်းများ ပပျောက်စေရေး၊ ပါဝင်ပတ်သက်မှုများမရှိစေရေး တို့အတွက် သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးအဖွဲ့များက စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့ပြင် သက်ဆိုင်ရာ အိမ်နီးချင်း နိုင်ငံများနှင့်လည်း စဉ်ဆက်မပြတ် ဆက်သွယ်၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *