October 19, 2024

၁၇. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးတပ်ဖွဲ့များက ဟားမားစ်တို့ ဌာနချုပ်အဖြစ်အသုံးပြုနေသည်ဟု စွပ်စွဲထားသော ဂါဇာဒေသ၏ အကြီးဆုံး Al-Shifa ဆေးရုံကို သိမ်းယူနိုင်ခဲ့ကြပြီးသည့်နောက် ဟားမားစ်တို့က အောက်တိုဘာ ၇ ရက်တွင် ဖမ်းဆီးသွားခဲ့သော ဓားစာခံများအနက်တစ်ဦးဖြစ်သည့် အသက် ၆၅ နှစ်ရှိ မစ္စက် ရေဟူဒစ် ဝီးစ်(Yehudit Weiss) ၏ အလောင်းအား ပြန်လည်တွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ ၁၆ ရက် ညနေက ကြေညာခဲ့သည်။

အစ္စရေးတပ်ဖွဲ့များက မစ္စက် ရေဟူဒစ်ဝီးစ်၏ ရုပ်အလောင်းအကြွင်းအကျန်များအား ဟားမားစ်တို့ လက်နက်သိုလှောင်ရာနေရာအဖြစ် အသုံးပြုနေသော ဆေးရုံအနီးရှိ အဆောက်အအုံတစ်ခုအတွင်းမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဟုလည်း သိရသည်။ မစ္စက် ရေဟူဒစ်ဝီးစ် က အစ္စရေးနိုင်ငံတောင်ပိုင်းရှိ ဂါဇာနယ်စပ်နှင့် လေးကီလိုမီတာခန့်သာဝေးသော Kibbutz Beeri မြို့တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ဂါဇာဒေသအတွင်း Swords of Iron စစ်ဆင်ရေးကိုဆင်နွှဲနေသည့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့မှ အမှတ် ၆၀၃ တိုက်ခိုက်ရေးအင်ဂျင်နီယာတပ်ရင်းက အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဝီးစ်မှာ မသေဆုံးမီ ကင်ဆာရောဂါဝေဒနာ၏ဒဏ်ကို ခံနေရသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ရေဟူဒစ်ဝီးစ်၏ရုပ်အလောင်းကို နိုဝင်ဘာ ၁၆ ရက်တွင် ဂါဇာမှ ပြန်လည်သယ်ယူမည်ဟု ၎င်း၏မိသားစုကို အကြောင်းကြားခဲ့ကြောင်းလည်း သိရသည်။ ၎င်း၏ ခင်ပွန်းဖြစ်သူ ရှမူးလစ်(Shmulik) မှာလည်း အောက်တိုဘာ ၇ ရက်က ဟားမားစ်တို့ သ-တ်ဖြ-တ်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။ ၎င်း၏မိသားစုက အစ္စရေးတပ်ဖွဲ့များအနေနှင့် ဖမ်းဆီးခံထားရသော ဓားစာခံများအားလုံးကို ပြန်လည်ကယ်တင်နိုင်ရေးဆောင်ရွက်ပါရန်နှင့် ထိုသို့ပြုလုပ်ရန် အချိန်မနှောင်းသေးဟုပြောလိုပါကြောင်း မီဒီယာများသို့ ပြောခဲ့သည်။

Ref—–Jerusalem Post

Leave a Reply

Your email address will not be published. Required fields are marked *