October 19, 2024

၁၇. ၁၁. ၂၀၂၃
Written By Thandar

El Salvador နိုင်ငံမှာ ၇၂ ကြိမ်မြောက် ကျင်းပနေတဲ့ မယ်စကြာဝဠာ Miss Universe 2023 National Costume Show ပြိုင်ပွဲကြီးကို ဒီနေ့ နိုဝင်ဘာ ၁၇ ရက် နံနက် ၉ နာရီက Stage Design (X) ပုံသဏ္ဍာန်ပေါ်မှာ ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် အမရာဗိုက National Costume ကို မြန်မာ့ငွေပဒေသာပင်ဝတ်စုံနဲ့ ဝတ်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။

သူမရဲ့ National Costume အနေနဲ့ မြန်မာ့ငွေပဒေသာပင်ဝတ်စုံကတော့ သာသနာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ လှူဒါန်းခြင်းဆိုတဲ့ ရိုးရာဓလေ့တစ်ခုကို ချစ်စဖွယ်ပြုမူလေ့ရှိကြပါတယ်။ အဲဒီထဲမှာမှ ကထိန်ကာလမှာ မိမိတို့ရဲ့ ချွေးနည်းစာနဲ့ သာသနာပြုပုဂ္ဂိုလ်များကို ငွေပဒေသာပင်တွေ ပြုလုပ်လှူဒါန်းခြင်းဆိုတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမူ့ကို ဖော်ပြထားတာလည်း ဖြစ်ပြီး ဒီဇိုင်နာ ကိုပြည့်စုံ (Hpa-An) က ဖန်တီးထားခြင်းဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-17_11-14-44-819x1024.jpg

လက်ရှိ အချိန်မှာတော့ Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြုအလှမယ် အမရာဗိုလ်ရဲ့ National Costume ကို People’s Choice စာရင်း တက်လှမ်းနိုင်ဖို့အပြင် မြန်မာနိုင်ငံအတွက် အမြင့်ဆုံး Placement ဖြစ်တဲ့ Popular & Top 11 စာရင်းထဲကို ဝင်ရောက်နိုင်ဖို့ Vote တွေ များများပေးအပ်ကြဖို့ Miss Universe Myanmar Organization က ဖိတ်ခေါ်နေတာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၄ ရက်ကနေ နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပနေတဲ့ Miss Universe 2023 ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၈၆ နိုင်ငံက ကိုယ်စားပြုအလှမယ်များစွာနဲ့အတူ အလှမယ် အမရာဗိုက ဝင်ရောက်ယှဥ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-17_11-14-48-731x1024.jpg

လာမယ့် Miss Universe 2023 ပြိုင်ပွဲရဲ့ Evening Gown ကိုလည်း အလှမယ် အမရာဗိုလ်အတွက် ပြင်ဆင်ပေးလိုက်တာက လိမ္မော်နီရောင်မှာ အနက်ရောင် အနားသတ်ထားတဲ့ နောက်ထပ် Evening Gown တစ်ထည် ပါ။ အရောင်အသွေးတောက်ပပြီး ရဲရင့်တဲ့ ငှက်မလေးအသွင် ဒီဇိုင်နာ မင်းသက် စံ (Sweet & Smart) က ဖန်တီး ပုံဖော် ချုပ်လုပ်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *