October 19, 2024

၁၇. ၁၁. ၂၀၂၃
Written by Pan Ei

အယ်လ်ကေးဒါးခေါင်းဆောင်ဟောင်း အိုစမာဘင်လာဒင် ၂၀၀၂ ခုနှစ်က ရေးသားခဲ့တဲ့ ‘အမေရိကသို့ပေးစာ’ အကြောင်းအရာတွေ ပါဝင်တဲ့ ဗီဒီယိုတွေကို ပလက်ဖောင်းပေါ်ကနေ ပြင်းပြင်းထန်ထန်ဖယ်ရှားနေပါတယ်လို့ TikTok က ကြာသပတေးနေ့ (နိုဝင်ဘာ ၁၆ ရက်) က ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ အယ်လ်ကေးဒါးတွေရဲ့ တိုက်ခိုက်မှုအပြီး ဘင်လာဒင်ရေးသားထားတဲ့ အဲ့ဒီစာထဲမှာ အစ္စရေးကို ထောက်ခံခဲ့တဲ့ အမေရိကန်ကို ပြစ်တင်ဝေဖန်ခဲ့သလို ပါလက်စတိုင်းတွေကို ဖိနှိပ်မှုမှာ ပါဝင်ခဲ့တယ်လို့လည်း အမေရိကန်တွေကို စွပ်စွဲခဲ့ပြီး ဂျူးမုန်းတီးရေး မှတ်ချက်တွေလည်း ပါရှိပါတယ်။

အဲ့ဒီစာဟာ အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲအကြောင်း အခြေအတင် ဆွေးနွေးမှုအတွင်း TikTok မှာ ကျယ်ပြန့်စွာနဲ့ အခုသီတင်းပတ်အတွင်း ပြန်လည်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကာ အဲ့ဒီစာထဲက ပြောဆိုမှုတွေက မှန်ကန်မှုရှိနေတယ်လို့ TikTok အသုံးပြုသူတွေကြားမှာ သုံးသပ်တာတွေများလာတာကြောင့် ပြင်းပြင်းထန်ထန်ဖယ်ရှားနေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဗြိတိန်အခြေစိုက် The Guardian သတင်းဌာနကလည်း TikTok နဲ့ X (အရင် Twitter) တို့မှာ ဘင်လာဒင်ရဲ့ စာကို ထောက်ခံမှုတွေ ရှိလာပြီးနောက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ရေးသားဖော်ပြခဲ့တဲ့ အိုစမာဘင်လာဒင် ပြောခဲ့တဲ့ အကြောင်းအရာတွေပါဝင်တဲ့ သတင်းကိုလည်း သူတို့ရဲ့ ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားခဲ့ပါတယ်။

Ref; CNA, NBC news

Leave a Reply

Your email address will not be published. Required fields are marked *