October 19, 2024

၁၇. ၁၁. ၂၀၂၃
Written By Thandar

BL Series ဇာတ်လမ်းပုံစံ “My Dear You” ဇာတ်လမ်းတွဲ Press Conference Show ကို နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ Kantharyar Shopping Center မှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားလေးက လွန်ခဲ့တဲ့ ၃ နှစ်လောက်ထဲက ရိုက်ထားတဲ့ကားပါ။ တော်တော်လေးလည်း ကြာနေပါပြီ။ မြန်မာပြည်မှာ BL စ ရိုက်ကြတယ်ပေါ့။ ထုတ်လုပ်ရေးကလည်း ဒီဇာတ်လေးရှိတယ် Jay Bass နဲ့ ရိုက်မယ်။ Jay Bass က BL Teaser မင်းသားပေါ့။ Teaser တွေထွက်တဲ့မင်းသားပေါ့ ။ သူ့မှာ Fan တွေလည်း အများကြီးရှိတယ်။ ဒါကြောင့်ရိုက်ဖြစ်သွားတာပါ”လို့ ဒါရိုက်တာပွင့်သိင်္ဂီဇော်က ပြောပါတယ် ။

This image has an empty alt attribute; its file name is photo_2023-11-17_09-56-43-682x1024.jpg

ဒီဇာတ်ကားကို ဇာတ်လမ်း Sky & Anna Linn ၊ ဇာတ်ညွှန်းပိုင်းကို မေမိုး ရေးသားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က သရုပ် ဆောင်တွေဖြစ်တဲ့ Jay Bass ၊ Francis Leo ၊ အောင်ဇေယျမင်းထင်၊ သီဟတင်အောင်စိုး ၊ သန္တာဗို ၊ သဉ္ဇာ စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။

“ကျွန်တော်က ဒီဇာတ်ကားမှာ စဝ်ခွန်းစ။ ကောင်လေးက အဖေ့ရဲ့အရိုက်အရာကို ဆက်ခံပြီး Company ကို ဦးစီးနေတယ်။ နောက် ကိုယ်ဝါသနာပါတဲ့ သရုပ်‌ဆောင် အလုပ်ကို လုပ်ကိုင်နေပြီးတော့ တခြားသူနဲ့လည်း သိပ်အရောတဝင်မရှိဘဲ ကိုယ့်အကြောင်းအရာတွေ လျှို့ဝှက်နိုင်လွန်းသူလို ပုံဖော်ထားပါတယ်”လို့ သရုပ်ဆောင် Jay Bass က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-17_09-56-51-682x1024.jpg

အပိုင်း ၁၀ ပိုင်းပါတင်မယ့် BL Series ဖြစ်တဲ့ My Dear You ဇာတ်လမ်းတွဲကို လာမယ့် နိုဝင်ဘာ ၂၅ ရက်က စတင်ပြီး အပတ်စဉ် စနေနေ့ နဲ့ တနင်္ဂနွေနေ့တွေမှာ HEY Play Application မှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *