October 19, 2024

၁၇. ၁၁. ၂၀၂၃
Written by KL

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်လှေကားမြို့တော်ဟု ခေါ်တွင်သော ပြင်ဦးလွင်မြို့၌ ရိုးရာတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၂၄ ရက်မှ နိုဝင်ဘာ ၂၈ ရက်အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။

ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားဝင်းအတွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ဖျော်ဖြေရေးပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ပါဝင်ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

This image has an empty alt attribute; its file name is photo_2023-11-17_09-34-16-731x1024.jpg

မီးပုံးပျံပွဲတော်တွင် စိန်နားပန်မီးပုံး ၁၂ လုံး၊ နေ့ရုပ်အလှ မီးပုံး ၃၅ လုံး၊ ညမီးကျည် ၁၇ လုံးတို့ကို လွှတ်တင်မည်ဖြစ်ကြောင်း၊ ပွဲတော်တွင် လူသုံးကုန်ပြခန်းများ၊စားသောက်ကုန်ပြခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

တန်​ဆောင်တိုင် မီးပုံးပျံပွဲတော်ကိုကျင်းပလာသည်မှာ ၁၇ ကြိမ်မြောက် ရှိပြီဖြစ်ပြီး ပြင်ဦးလွင်မြို့တွင် အစည်ကားဆုံးသော ပွဲတော်တစ်ခုလည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *