October 19, 2024

တိုက်ပွဲများအတွင်း ကလေးငယ်များအပါအဝင် အရပ်သားအနည်းဆုံး ၇၅ ဦးသေဆုံးခဲ့ကာ ၉၄ ဦးဒဏ်ရာရ

၁၆. ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် ပြီးခဲ့သော အောက်တိုဘာလက တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် အနည်းဆုံးလူပေါင်း ၂ သိန်းခန့် နေရပ်စွန့်ခွာနေထိုင်နေရကြောင်း ကုလသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ကုလသမဂ္ဂ၏လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့အစည်းတစ်ခုဖြစ်သော UNOCHA က”အောက်တိုဘာလက စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် နိုဝင်ဘာ ၁၄ ရက်နေ့အထိ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယား၊ မွန်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ လူပေါင်း ၂ သိန်းခန့်နေရပ်စွန့်ခွာနေထိုင်ခဲ့ရပါတယ်”ဟု ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-16_15-01-43.jpg

အဆိုပါတိုက်ပွဲများအတွင်း ကလေးငယ်များအပါအဝင် အရပ်သားအနည်းဆုံး ၇၅ ဦးသေဆုံးခဲ့ကာ ၉၄ ဦးဒဏ်ရာရခဲ့ကြောင်း UNOCHA က ဖော်ပြထားသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ဖြစ်သော တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) တို့သည် တရုတ်နိုင်ငံနယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်မတော်စခန်းများကိုအောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်ပြီး တိုက်ခိုက်ခဲ့သည်။အဆိုပါ လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့သည် တရုတ်နှင့် ချိတ်ဆက်ထားသော အဓိကကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားပြီး လက်ရှိတိုက်ပွဲများက SAC အတွက် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာနေကြောင်း သုံးသပ်မှုလည်းရှိနေသည်။

This image has an empty alt attribute; its file name is photo_2023-11-16_15-01-46.jpg

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့နှင့် မြန်မာတပ်မတော်ကြားတိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် မကြာမီ ယခုသီတင်းပတ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်အနောက်ပိုင်းမှ တပ်မတော်စခန်းများကို စတင်တိုက်ခိုက်ခဲ့သလို ကယားပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များကလည်း တပ်မတော်စခန်းများကို စတင်တိုက်ခိုက်လာခဲ့သည်။ မြန်မာနိုင်ငံတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့ခြင်းကြောင့် နိုင်ငံတဝှမ်းနေရပ်စွန့်ခွာနေထိုင်နေရသူအရေအတွက်က ၂ သန်းကျော်ရှိလာနေကြောင်း သိရသည်။

Ref; UN

Leave a Reply

Your email address will not be published. Required fields are marked *