October 19, 2024

၁၆. ၁၁. ၂၀၂၃
Written By Thandar

အယ်လ်ဆာဗေးဒေါနိုင်ငံမှာ ၇၂ ကြိမ်မြောက် ကျင်းပနေတဲ့ မယ်စကြာဝဠာ Miss Universe 2023 ပြိုင်ပွဲကြီးမှာ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက Preliminary မှာ ပုဂံခေတ်ဝတ်စားဆင်ယင်မှုပုံစံနဲ့ ဒီဇိုင်မင်းသက်စံ(Sweet & Smart) ရဲ့ Evening Gown ကို မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အမရာဗိုက ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၄ ရက်ကနေ နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပနေတဲ့ Miss Universe 2023 ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၈၆ နိုင်ငံက ကိုယ်စားပြုအလှမယ်များစွာနဲ့အတူ အလှမယ် အမရာဗိုက ဝင်ရောက်ယှဥ်ပြိုင်​နေတာလည်း ဖြစ်ပါတယ်။ Final Competition ကိုတော့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ National Gymnasium, San Salvador, El Salvador မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-16_14-24-45-731x1024.jpg

Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံအတွက် အမြင့်ဆုံး Placement ဖြစ်တဲ့ Popular & Top 11 စာ ရင်းထဲကို ဝင်ရောက်နိုင်ဖို့ Miss Universe Myanmar 2023 အမရာဗိုကို ချစ်ခင်တဲ့ Fan တွေ ၊ သူငယ်ချင်းတွေ ၊ Pageants အပြင် ချစ်မြတ်နိုးသူတွေက နိုင်ငံကိုယ်စားပြုအလှမယ်ကို အားပေးကြဖို့ ဖိတ်ခေါ်နေတာလည်း ဖြစ်ပါတယ်။

Miss Universe App က တစ်ဦးကို Free Vote အနေနဲ့ 1 Vote ပေးနိုင်ပြီး ထပ်မံ Vote လိုပါရင်တော့ 3 Votes ကို ကျပ် ၁၀၀၀ နှုန်း ၊ 15 Votes ကို ကျပ် ၇၀၀၀ နှုန်းနဲ့ Voting ပေးကြဖို့ Miss Universe Myanmar Organization ကနေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Vote ကို အဆင်ပြေလွယ်ကူစေဖို့အတွက် Miss Universe Myanmar Organization က တစ်ဆင့် Vote ပေးနိုင်တဲ့ Team Member တွေက အဆင်သင့်စောင့်ကြိုဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-16_14-24-33-980x1024.jpg

Miss Universe Myanmar Organization က အမရာဗိုကို ချစ်ခင်စွာနဲ့ Vote ပေးသူတွေအတွက် ကျပ် ၂၀၀၀ Vote ပေးသူကို ဂုဏ်ပြုမှတ်တမ်းလွှာ၊ ကျပ် ၃၀၀၀ Vote ပေးသူကို ရင်ထိုး၊ ကျပ် ၅၀၀၀ Vote ပေးသူကို Amara Bo နဲ့ Dinner စားခွင့်စတဲ့ အမှတ်တရ ပြန်လည်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်နေသူ အလှမယ် အမရာဗိုရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို မြန်မာနိုင်ငံက ဒီဇိုင်နာသျှတရ ၊ ဒီဇိုင်နာ နွယ်နီဝင်းမောင် စတဲ့သူတွေက ဖန်တီးပေးထားကြတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *