October 19, 2024

၁၆. ၁၁. ၂၀၂၃
Written by Nyein Kyaw

အွန်လိုင်းလိမ်လည်မှုများ၊ လူပြန်ပေးမှုများ၊ ဂိုဏ်းဖွဲ့ကျူးလွန်ခြင်းတို့ကြောင့် ကိုးကန့်လက်နက်ကိုင် ခေါင်းဆောင်ဟောင်း ဦးပယ်စောက်ချိန်၏သား ပယ်ရင်ချိန်အား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ယနေ့ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အွန်လိုင်း လိမ်လည်မှုများ၊ လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော ပယ်ရင်ချန်(ဘ) ဦးပယ်စောက်ချိန်(ပန်ဆော့ချိန်)ကို ဥပဒေအရ အ‌‌ရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက် (ယနေ့)တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ပြစ်မှုများကျူးလွန်နေသောကိုးကန့်ထိပ်တန်းလုပ်ငန်းရှင် မိသားစုဝင် ၄ ဦးဖြစ်သည့် Ming Xuechang (မြီရှောက်ချန်း)၊ Ming Guoping (မြီကော်ဖျင်း) (ခ) Ming Xiaoping (မြီရှောက်ဖျင်း)၊ Ming Julan (မြီကျွီလန်)နှင့် Ming Zhenzhen (မြီကျိန်းကျိန်း)တို့ကို ဥပဒေအရ အ‌‌ရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် (ယမန်နေ့)တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် အဆိုပါ ကိုးကန့်ထိပ်တန်းလုပ်ငန်းရှင် မိသားစုဝင် ၄ ဦးကို တရုတ်ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ထားပြီး ၎င်းတို့လေးဦးကို သတင်းပေးမည်ဆိုပါက တစ်ဦးအတွက် ယွမ်တစ်သိန်းမှ ငါးသိန်းအကြား ဆုချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *