October 19, 2024

၁၆. ၁၁. ၂၀၂၃
Written By Thandar

တိရစ္ဆာန်ချစ်သူတွေအတွက် မိမိတို့ရဲ့ အိမ်မွေးခွေးလေးတွေနဲ့ အတူ “ကံကောင်း” ရုပ်ရှင်ဇာတ်ကားကြီးကို Private Area မှာ အခမဲ့ကြည့်ရှုခွင့်ရမယ့် အစီအစဉ် ကျင်းပပြုလုပ်သွားမယ်လို့ ဒါရိုက်တာ ဝင်းလွင်ထက်က ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၂၁ ရက်မှာ တိချစ်သူတွေက အိမ်မွေးခွေးလေးတွေနဲ့အတူ Private Area မှာ ရုပ်ရှင်ကြည့်ရှုနိုင်ဖို့ အပြင် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ထားတဲ့ ခွေးလိမ္မာလေး ကံကောင်းနဲ့ဓာတ်ပုံ ပျော်ပျော်ပါးပါး ရိုက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-16_14-16-27-724x1024.jpg

“ဘုန်ကြီးတစ်ပါးနဲ့ ခွေးလေးရဲ့ ဖြူစင်တဲ့ သံယောဇဉ်ကို ရိုက်ပြထားတဲ့ ကံကောင်းရုပ်ရှင်ဇာတ်ကားကြီးမှာ ထူးထူးခြားခြားအစီအစဉ်တစ်ခုအနေနဲ့ တိချစ်သူတွေပါ လာကြည့်လို့ရအောင် ဒီလိုမျိုး အစီအစဉ်လေးကို လုပ်ထားတာပါ။ ဖြစ်နိုင်ရင်တော့ အကုန်လုံးကို ဖိတ်ချင်တာပါ။ အကုန်လုံးကို ဖိတ်ဖို့အတွက်တော့ မနိုင်မှာစိုးလို့ တိချစ်သူ ၂၅ ယောက်ကို ရွေးချယ်ပေးမယ်။ သူတို့က သူတို့ရဲ့ ကလေးတွေနဲ့အတူ ဒီရုပ်ရှင်ကို လာကြည့်ခွင့်ရမယ်။ သူတို့ဓာတ်ပုံရိုက်ဖို့အတွက် ဓာတ်ပုံရိုက်ရမယ့်နေရာတွေကိုလည်း ကျွန်တော်တို့ဘက်က သီးသန့် ပြင်ဆင်ပေးထားတယ်”လို့ ဒါရိုက်တာ ဝင်းလွင်ထက်က MTNews Entertainment ကို ပြောပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်နိုင်ဖို့အတွက်ကတော့ “ကံကောင်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Poster ကို #ကံကောင်းလာပြီ ဆိုတဲ့ခေါင်းစဉ်နဲ့အတူ Facebook ပေါ်မှာ မျှဝေပေးရမှာဖြစ်ပါတယ်။ The Lucky – “ကံကောင်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Poster ပို့စ်အောက်မှာ ကိုယ်နဲ့အတူပါလာမယ့် ခွေးလေးရဲ့ ပုံကိုပါ တစ်ပါတည်း မှတ်ချက်ရေးသားရမှာဖြစ်တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-16_14-16-30.jpg

ဇာတ်ကားကြည့်ရှု့ရမယ့် အစီအစဉ်မှာ ပါဝင်လာတဲ့ တိချစ်သူတွေအများထဲက ၂၅ ဦးကို ရွေးချယ်မှာဖြစ်ပြီးတော့ ရွေးချယ်ခံရသူတွေကတော့ လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ ကြေညာပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မင်းသားပိုင်တံခွန် ပါဝင်သရုပ်ဆောင်ထားတဲ့ “ကံကောင်း” ရုပ်ရှင်ဇာတ်ကားကတော့ ဘုန်းကြီးတစ်ပါးနဲ့ ခွေးလိမ္မာလေး ကံကောင်းတို့ရဲ့ သံယောဇဉ်နဲ့ မေတ္တာတရားကို ထင်ဟပ်စေမှာဖြစ်သလို မြန်မာ့ရုပ်ရှင်သမိုင်းမှာ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။ ကံကောင်း ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မြန်မာနိုင်ငံ အပါအ၀င်နိုင်ငံ သုံးနိုင်ငံမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *