October 19, 2024

၁၆. ၁၁. ၂၀၂၃
Written by Nay Moe

ရခိုင်ပြည်နယ် ပေါက်တောမြို့ကို AA လက်နက်ကိုင်အဖွဲ့က နိုဝင်ဘာ ၁၅ ရက်ညမှာ ထိန်းချုပ်လိုက်တာကြောင့် တပ်မတော်ဘက်က AA ကို လေကြောင်းတိုက်ခိုက်မှုပြုနေခဲ့ပြီး နှစ်ဖက်တိုက်ပွဲအကြား တစ်မြို့လုံးထွက်ပြေးနေရတယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။

“ဌာနဆိုင်ရာအားလုံးကို AA က ထိန်းချုပ်ထားတယ်။ ပေါက်တောရဲစခန်းကလည်း လက်နက်ချလို့ စီးနင်းထားတယ်။ အခုကတော့ တစ်မြို့လုံးစစ်ရှောင်နေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-16_13-53-41-1024x577.jpg

စစ်တွေမြို့နဲ့ အနီးဆုံးဖြစ်ပြီး ရေမိုင် ၁၆ မိုင်လောက်ပဲဝေးတဲ့ ပေါက်တောမြို့နယ်မှာ လူဦးရေ ၁၅၀၀၀၀ လောက်ရှိပြီး လက်ရှိမှာတော့ လေတပ်က ပစ်ခတ်မှုအပြင် ရေတပ်ကပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

NUG၊ PDF၊ MNDAA၊ AA နဲ့ TNLA နဲ့ KNDF အပါအဝင် ကယားလက်နက်ကိုင်တို့ရဲ့ မြို့သိမ်းတိုက်ပွဲတွေ အောက်တိုဘာ ၂၇ ရက်ကစခဲ့တာဖြစ်ပြီး မြို့ပေါင်း ၁၀ မြို့လောက် ထိန်းချုပ်ထားကြတာကြောင့် နှစ်ဖက်ပစ်ခတ်မှုကြားမှာ မြို့ပျက်တွေများလာသလို ပြည်သူတွေသေကြေမှုလည်း များနေတာကြောင့် မြို့သိမ်းတိုက်ပွဲစပြီဆိုတာနဲ့ ပြည်သူတွေက အသက်ဘေးလွတ်အောင်ထွက်ပြေးနေရတဲ့အခြေအနေဖြစ်နေပါတယ်။

ပုံစာ။ AA မြို့သိမ်းတိုက်ပွဲဆင်နွှဲ၍ ထွက်ပြေးနေသော ပေါက်တောပြည်သူများ (Photo – CJ)

Leave a Reply

Your email address will not be published. Required fields are marked *