October 19, 2024

၁၆.၁၁.၂၀၂၃
Written By Thandar

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Mister Global 2023 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Mister Global Myanmar 2023 ဆုရှင်ရဲသွေးသီဟ ဝင်ရောက်ယှဥ်ပြိုင်ဖို့အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဒီနေ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက စတင်ထွက်ခွာသွားပြီဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲဝင်ရောက် ယှဥ်ပြိုင်ရမှာမို့ စိတ်ကတော့ လှုပ်ရှားပါတယ်။ Camp ကာလ အတွင်းမှာလည်း အကောင်းဆုံး ကြိုးစားခဲ့တယ်။ နိုင်ငံ့ကိုယ်စားပြုအနေနဲ့ သွားရတာမို့ပိုပြီး ရင်ခုန်တယ်။ ပြိုင်ပွဲတစ်ခုကို ပြိုင်ပြီဆိုထဲက ဆုတော့ လိုချင်ပါတယ်။ ပုံမှန်ကျွန်တော့်ရဲ့ Life ကတော့ Run Way Model တစ်ယောက်လည်း ဖြစ်တယ်။ Body ပိုင်းကတော့ အမြဲတမ်းကြိုးစားပြီး လုပ်ဆောင်ဖြစ်ပါတယ်။ ခု ပြိုင်ပွဲမှာ Body ရဲ့ ပြသမှုမှာ ပေါ်လွင်အောင် ပြသနိုင်ဖို့လည်း သေချာကို ကြိုးစားလေ့ကျင့်ထားပါတယ်။ Master တစ်ယောက်အနေနဲ့ Body တစ်ခုထဲနဲ့ ယှဥ်ပြိုင်ရတာ မဟုတ်ဘူး။ Education ပိုင်းရော Beauty , Brain စတာတွေကို အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ပြိုင်ပွဲကာလမှာလည်း ပရိသတ်တွေ ဝန်းရံအားပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ Mister Global Myanmar 2023 Winner ဆုရှင် ရဲသွေးသီဟက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-16_12-52-31-768x1024.jpg

နိုဝင်ဘာ ၁၇ ရက်နေ့ကနေ နိုဝင်ဘာ ၂၆ ရက်နေ့ထိ ထိုင်းနိုင်ငံ Mahasarakham မှာ ကျင်းပမယ့် Mister Global 2023 ပြိုင်ပွဲကြီးမှာ ထိုင်း ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား ၊ လာအို ၊ စင်ကာပူ ၊ ကိုရီးယား ၊ ကနေဒါ ၊ အိန္ဒိယ စတဲ့ နိုင်ငံတွေက အလှမောင်တွေနဲ့အတူ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမောင် ရဲသွေးသီဟက ဝင်ရောက်ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။

သူဟာ Runway Model, Photo Model တစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူဖြစ်ပြီး လက်ရှိ Master လမ်းကြောင်းပေါ်ကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ အရပ်အမြင့် 178 cm ရှိပြီး English Major ဘွဲ့ရထားသူလည်း သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-16_12-52-35-819x1024.jpg

နိုင်ငံတကာမှာ ကျင်းပခဲ့တဲ့ Mister Global ပြိုင်ပွဲကြီးတွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ Mister Global 2014 မှာ အလှမောင် မြတ်သူရလွင်က (Winner – Mister Global 2014 and People Choice award ) ဆု ၊ Mister Global 2015 မှာ အလှမောင် မင်းလူလူ ( Top 13 – Mister Global 2015 ) ၊ Mister Global 2016 မှာ အလှမောင် လင်းမောင်( Top 10 – Mister Global Myanmar 2016 ) ၊ Mister Global 2017 မှာ အလှမောင် ပိုင်စိုးထွန်း ( Top 16 – Mister Global 2017 and Mister Popularity award ) ၊ Mister Global 2018 မှာ အလှမောင် ရဲရင့်မောင်မောင် ( သွားရောက်ယှဥ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါ ) ၊ Mister Global 2019 မှာ အလှမောင် သီဟကျော် (Unplaced and Best in National Costume award ) ၊ Mister Global 2022 အလှမောင် မျိုးထွဋ်နိုင် ( Top 17 – Mister Global 2022) နဲ့ ဒီနှစ်အစ Mister Global 2023 မှာ ရှိန်းမင်းသူတို့ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *