October 19, 2024

၁၆. ၁၁. ၂၀၂၃
Written by Nay Moe

ဗိုလ်နဂါးရဲ့ BNRA က NUG ရဲ့ ယင်းမာပင်ခရိုင်တပ်ရင်း (၃) က PDF တစ်ယောက်ကို စခန်းတွင်းအထိ ဝင်ရောက်ရိုက်နှက်ပြီး သေနတ်နဲ့ ၉ ချက်ပစ်သ-တ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က NUG လက်အောက်ခံ ယင်းမာပင်ခရိုင် တပ်ရင်း(၃) က ပကဖတစ်ယောက်ဟာ ဆိုင်ကယ်အိတ်ဇောတပ်ပြီး မင်းတိုင်ပင်ကားလမ်းအတိုင်း ပြန်လာချိန်မှာ ဂိတ်စခန်းချထားတဲ့ BNRA တပ်ဖွဲ့နဲ့ စကားများရာက အရက်မူးနေကြတဲ့ BNRA တပ်က လူစုပြီး ယင်းမာပင်ခရိုင်တပ်ရင်း (၃) က ပျုရွာလို့သတ်မှတ်ထားတဲ့ ဇီးဖြူကုန်းရွာကို စောင့်ကြည့်တိုက်ခိုက်တဲ့ ကင်းတဲဆီရောက်လာပြီး ဆိုင်ကယ်အိတ်ဇောဖွင့်စီးတဲ့ PDF ကို ထိုးကြိတ်ရာက အဲဒီ PDF ရဲ့ ညီဝမ်းကွဲ အသက် ၁၉ နှစ်အရွယ် PDF မင်းထက်နိုင်က ဝင်ထိုးလို့ အချေအတင်ဖြစ်ရာက ဖျန်ဖြေပေးလို့ကြေအေးတာကြောင့် BNRA တပ်က ပြန်အထွက်မှာ ဝင်ထိုးတဲ့ မင်းထက်နိုင်ကို သေနတ်နဲ့ကိုးချက်ပစ်ခတ်သွားတာကြောင့် PDF မင်းထက်နိုင်က ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံ PDF တစ်ယောက်ကပြောပြမှုအရ သိရပါတယ်။

ဒါ​ကြောင့်မို့လို့ ယင်းမာပင်ခရိုင် တပ်ရင်း (၃) တပ်ရင်းမှူးသစ်ငြိမ်းက နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီခွဲအချိန်မှာ PDF မင်းထက်နိုင်ကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ BNRA တပ်ဖွဲ့ဝင် အောင်ပု (ခ) Rock အပါအဝင် (၇) ဦးကို ဥပဒေအရ ထိရောက်စွာအရေးယူပေးပါဆိုပြီး ယင်းမာပင်ခရိုင်ကွပ်ကဲရေးအဖွဲ့ကို လိပ်မူပြီး MOD ၊ ပလဖ၊ ပုလဲမြို့နယ်၊ တရားစီရင်ရေးအဖွဲ့၊ ပုလဲမြို့နယ်၊ ပကဖ၊ ပုလဲမြို့နယ်၊အထူးစုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် (NUG) ကို တိုင်ကြားထားတယ်လို့လည်း သိရပါတယ်။

ဗိုလ်နဂါးရဲ့ BNRA တပ်ကို NUG က နှစ်လိုခြင်းမရှိဘဲ ဗိုလ်နဂါးကို ချေမှုန်းဖို့လုပ်ဆောင်တာ၊ ဖမ်းဆီးဖို့ကြိုးစားတာတွေကြောင့် ဗိုလ်နဂါးတပ်တွေနဲ့ NUG တပ်တွေဟာ အပြန်အလှန်ရိုက်နှက်ပစ်ခတ်သ-တ်ဖြ-တ်မှုတွေ မကြာခဏဖြစ်ပွားနေပြီး ဒီဖြစ်ရပ်အပေါ်တော့ BNRA က တုံ့ပြန်လာခြင်းမရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *