October 19, 2024

၁၆. ၁၁. ၂၀၂၃

Written by Thettant

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၇၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၇ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီအချိန် ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် ပင်လောင်းမှ တပ်ကုန်းဘက်သို့ မောင်မောင်ဝင်း မောင်းနှင်ပြီး ဇေယျာကျော်၊ အာကာမင်းမြတ်ကျော် နှင့် လေးမြင့် တို့လိုက်ပါလာသည့် Toyota Hiace ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၇ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၅ နာရီအချိန် မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မျိုးအောင်(ခ)သီလ အား ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ နွယ်သာကီလမ်းရှိ ၎င်း၏နေအိမ်တွင် Probox ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မွန်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်း ဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *