October 19, 2024

၁၆. ၁၁. ၂၀၂၃

Written by Nay Moe

လွိုင်ကော်တက္ကသိုလ်ကို KNDF နဲ့ ကယားလက်နက် ကိုင်တွေက တပ်စွဲထားတယ်လို့ KNDF ဒုစစ်ဦးစီးချုပ်က ဒီမနက်မှာ လွိုင်ကော်တက္ကသိုလ်တွင်း ပုံရိပ်တွေနဲ့ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ လွိုင်ကော်တက္ကသိုလ်ကို လာရောက်တိုက်ခိုက်တဲ့ ကယားလက်နက်ကိုင်တွေကို လခရစစ်ကြောင်းတွေက ပြန်လည်တိုက်ထုတ်နိုင်ခဲ့ပေမဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားပြီးနောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့သလို မနေ့က လုံခြုံရေးတပ်ဖွဲ့ဝင် ၃၈ ဦးဖမ်းမိတယ်လို့ KNDF က ထုတ်ပြန်ခဲ့ပြီး ဒီနေ့မှာ လွိုင်ကော်တက္ကသိုလ်ကို ကယားလက်နက်ကိုင်တွေ တပ်စွဲထားတာပဲဖြစ်ပါတယ်။

This image has an empty alt attribute; its file name is 402048937_638584995114238_5726432333066778720_n.jpg

လွိုင်ကော်တက္ကသိုလ်ကို ဝင်စီးနင်းခဲ့တဲ့ KNDF အပါအဝင် ကယားလက်နက်ကိုင်တွေက Non-CDM ၀န်ထမ်း ၁၃၄ ဦးနဲ့ သူတို့ရဲ့မိသားစု၀င် ၆၄ ဦးကို ဖမ်းဆီးအပြီးမှာ ဘေးလွတ်ရာ ကယ်ထုတ်ပေးထားတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က နိုဝင်ဘာ ၁၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပေမဲ့လည်း KNDF လက်နက်ကိုင်တချို့ကတော့ ဖမ်းဆီးခံဝန်ထမ်း ၁၉၈ ဦးကို သတ်ဖြတ်ဖို့ လှုံ့ဆော်နေပါတယ်။

KNDF တပ်ဖွဲ့ဝင် လက်နက်ကိုင်တစ်ဦးဖြစ်ပြီး Patrick John အမည်နဲ့ Facebook သုံးစွဲသူက “လွိုင်ကော်တက္ကသိုလ်က ဖမ်းဆီးခံဝန်ထမ်းတွေပုံကို ကျည်ဆံသုံးတောင့်နဲ့တင်ပြီး “ကယ်ထုတ်ထားတဲ့ Non CDM တွေ ဒီဆေးလေးပေးသောက်ရင် ကျေနပ်ပြီလား”ဆိုပြီး သတ်ဖြတ်ဖို့ လှုံ့ဆော်ထားပါတယ်။

This image has an empty alt attribute; its file name is 401611416_638585278447543_1041433321940125322_n.jpg

ဒါ့အပြင်လည်း ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့ကလည်း ဖမ်းဆီးခံ Non CDM ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး” Non CDM ဝန်ထမ်းများကို ယခုကာလတွင် ဒီးမော့ဆိုမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ၎င်းတို့နှင့် သက်ဆိုင်သော မည်သည့်ကိစ္စကိုမျှ လုံးဝ(လုံးဝ )တာဝန်ယူဆောင်ရွက်ပေး မည်မဟုတ်ကြောင်းနှင့် လက်ရှိ CDM ဝန်ထမ်းများသည်လည်း ကြားကာလပညာရေးလုပ်ငန်း ဆောင်ရွက်မှုကိစ္စအဝဝနှင့်ပတ်သက်၍ ၎င်း Non CDM ဝန်ထမ်းများနှင့်ဆက်နွယ်ပတ်သက်မှု မပြုမိစေရန်သဘောထားတစ်ရပ် အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်” လို့ နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *