October 19, 2024

၁၆. ၁၁. ၂၀၂၃
Written by Pan Ei

TikTok အက်ပလီကေးရှင်းကတစ်ဆင့် သတင်းပုံမှန်ရယူတဲ့ အသုံးပြုသူရာခိုင်နှုန်းဟာ မနှစ်က ၂၂ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း Pew Research Center က လေ့လာမှုအသစ်အရသိရပါတယ်။

သတင်းအဖွဲ့အစည်းတွေဟာ TikTok ရဲ့ ကြီးမားပြီး မက်မောဖွယ် များပြားလှတဲ့ Gen Z ပရိသတ်တွေနဲ့ ထိတွေ့ဆက်ဆံတဲ့ နည်းလမ်းများစွာကို အသုံးပြုပြီး သုံးစွဲသူတွေရဲ့ အာရုံစိုက်မှုနဲ့ ကြော်ငြာရှင်တွေဆီက ရရှိလာမယ့် ဘတ်ဂျက်တွေအတွက် TikTok နဲ့ တခြားလူမှုမီဒီယာပလက်ဖောင်းတွေနဲ့ ယှဉ်ပြိုင်လျက်ရှိပါတယ်။

Meta ပိုင် Facebook ကတော့ သတင်းတွေအတွက် ရေပန်းအစားဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်ပြီး အမေရိကန်နိုင်ငံသားရဲ့ ၃၀ ရာခိုင်နှုန်းက Facebook မှာ သတင်းတွေကို ပုံမှန်ဝင်ရောက်ကြည့်ရှုကြကာ YouTube က ၂၆ ရာခိုင်နှုန်း၊ Instagram က ၁၆ ရာခိုင်နှုန်းနဲ့ TikTok က ၁၄ ရာခိုင်နှုန်းရှိတယ်လို့ Pew ရဲ့ လေ့လာချက်အရ သိရပါတယ်။

ကမ္ဘာတဝှမ်းက အဓိကစျေးကွက်တွေမှာ စည်းမျဉ်းစည်းကမ်းဖိအားတွေနဲ့ ရင်ဆိုင်နေရတာကြောင့် မကြာသေးမီနှစ်တွေအတွင်း ပလက်ဖောင်းတွေပေါ်က သတင်းတွေနဲ့ တခြားလူထုဆိုင်ရာအကြောင်းအရာတွေ ပျံ့နှံ့မှုကို Meta က လျှော့ချခဲ့ပေမဲ့ Facebook မှာတော့ သတင်းရယူမှုတွေ၊ ကြည့်ရှုမှုတွေက ဆက်လက်ရှိနေသေးတာပဲဖြစ်ပါတယ်။

Facebook၊ Instagram နဲ့ TikTok မှာ ပုံမှန်သတင်းကြည့်ရှုသူတွေက အမျိုးသမီးတွေဖြစ်နိုင်ခြေ ပိုများကြောင်း Pew က တွေ့ရှိခဲ့ပြီး Reddit၊ X (အရင် Twitter)၊ LinkedIn နဲ့ Alphabet ပိုင် YouTube မှာတော့ ပုံမှန်သတင်းကြည့်ရှုသူတွေက အမျိုးသားတွေဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *