October 20, 2024

၁၅. ၁၁. ၂၀၂၃
Written by Nay Moe

ဆားတောင်မြို့တွင် မိသားစုသုံးဦးကို PDF များက သ-တ်ဖြ-တ်ပြီး ပခုက္ကူမြို့နယ်တွင်လည်း အသက် ၆၃ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးကို PDF များ သ-တ်ဖြ-တ်ကာ ဖုန်းနှင့် ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်များမှာ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ရွာဝေးရပ်ကွက်နေ ဦးထွန်းဝေ(၇၅)နှစ်သည် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ကြည်စိန်(၆၉)နှစ်နှင့် သားဖြစ်သူ ဦးဇာနည်ထွန်း(၄၅)နှစ်တို့နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အင်အား ၂၀ ခန့်ရောက်ရှိလာပြီး သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်သ-တ်ဖြ-တ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၃ ရက် နံနက် ၅ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြင်းကျွန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပခုက္ကူမြို့နယ်၊ ကွမ်းကျေးရွာနေ ဦးလှဝင်း(၆၃)နှစ်သည် မြင်းကျွန်းကျေးရွာရှိ ၎င်း၏မိခင်ဖြစ်သူ ဒေါ်ကြင်စိန်၏နေအိမ်၌ ရှိနေစဉ် PDF လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သ-တ်ဖြ-တ်ကာ နေအိမ်အတွင်းရှိ လက်ကိုင်ဖုန်းနှစ်လုံး၊ ဆိုင်ကယ်တစ်စီးတို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးလှဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *