October 20, 2024

၁၄. ၁၁. ၂၀၂၃

Written by Nay Moe

ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်က ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂ ဒသမ ၃၄၃ ကိုလက်ခံသိမ်းဆည်းထားတယ်လို့ NUG က ကြေညာပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ကောလင်းခရိုင် မြန်မာ့စီးပွားရေးဘက်ကို ဖွင့်ဖောက်လို့ ပြည်သူ့အပ်ငွေ ၉၅၂ သန်းကျော်ကို သိမ်းယူလိုက်တာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is 399707065_637768061862598_1237323895394070116_n-1024x1015.jpg

မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ လိုက်ပါအကောင်အထည်ဖော်နေပြီး ကောလင်းအပါအဝင် မြို့ငယ်တချို့ သိမ်းယူထားတယ်လို့ ကြေညာထားတဲ့ NUG က သူတို့ သိမ်းယူထားတဲ့မြို့တွေရဲ့ ဘဏ်တွေက ငွေတွေကို ကိုင်တွယ်နေပြီး အခြေအနေတည်​ငြိမ်မှ ပြန်ပေးမယ်လို့ NUG ကြားကာလဗဟိုဘဏ်က မနေ့ကကြေညာထားပါတယ်။

NUG ဟာ မြို့တွေသိမ်းယူခဲ့ချိန်မှာ ပုဂ္ဂလိကဘဏ်တွေကို တိုက်ခိုက်ဖျက်ဆီးခဲ့သလို ငွေတွေလည်း သိမ်းယူထားတာကြောင့် လူထုကြားမှာစိတ်ပူနေချိန်မှာ NUG က အခြေအနေတည်ငြိမ်မှ ပြန်ပေးမယ်လို့ ထုတ်ပြန်လာတာဖြစ်ပေမဲ့လည်း ကောလင်းမြို့အပါအဝင် NUG ဖောက်ယူခဲ့တဲ့ ဘဏ်တွေကတော့ ပုဂ္ဂလိကဘဏ်တွေလည်း ပါဝင်ပေမဲ့ လက်ရှိမှာတော့ မြန်မာ့စီးပွားရေးဘဏ်တစ်ခုတည်းကို ဖောက်ယူရရှိမှုပဲ ကြေညာခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *