October 20, 2024

၁၄. ၁၁. ၂၀၂၃

Written by Hey Mar

ဆိုင်ကယ်နှစ်စီး မတော်တဆ တိုက်မိရာက နောက်မှလိုက်ပါစီးနင်းလာသူ တစ်ဖက်ယာဥ်ကြောဆီ လွင့်စင်ပြုတ်ကျခဲ့လို့ ကားကြိတ်မိကာ နေရာတင်သေဆုံးခဲ့မှု မနေ့က နိုဝင်ဘာ ၁၃ ရက် ည ၇ နာရီဝန်းကျင်က မကွေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ရောင်စုံမေတ္တာ ပရဟိတ အသင်းကနေ သိရပါတယ်။

ဖြစ်စဥ်အရ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှောင်လမ်း ကားကြီးကွင်းရှေ့မှာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူဟာ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးလို့ သိရပါတယ်။ လွင့်စင်ကျချိန် တစ်ဖက်ယာဥ်ကြောက မောင်းနှင်လာတဲ့ ကုန်တင်ကားအောက်ရောက်ရှိသွားပြီး နောက်ဘီးနဲ့ ကြိတ်မိရာက ဦးခေါင်းကြေမွဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တာပါ။

This image has an empty alt attribute; its file name is 402435931_637759338530137_8411098012086279848_n.jpg

သေဆုံးသူ အမျိုးသမီးက မကွေးမြို့နယ်၊ ထုံးပေါက်တောကျေးရွာမှာနေထိုင်သူလို့သိရှိရပြီး ဆိုင်ကယ်မောင်းနှင်သူတွေမှာတော့ ပေါက်ပြဲ ဖူးယောင် ဒဏ်ရာတွေရရှိကာ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရောင်စုံမေတ္တာပရဟိတ လူမှုကူညီရေးအသင်း သူနာတင်ယာဥ်နဲ့ မကွေးပြည်သူဆေးရုံကြီးရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့​တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ရောင်စုံမေတ္တာပရဟိတ

Leave a Reply

Your email address will not be published. Required fields are marked *