October 20, 2024

၁၄. ၁၁. ၂၀၂၃

Written by Ye Kyaw

ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးလုပ်ငန်းများအနက် အတိုးပုံမှန်ပေးဆပ်ခြင်းနှင့် လုပ်ငန်းထိရောက်အောင် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ချေးငွေသက်တမ်း ထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ယနေ့တွင် အသိပေးကြောညာထားသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍမှ ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း ၁ နှစ် (အတိုး ၁ ရာခိုင်နှုန်း) သတ်မှတ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်မှစ၍ ကုမ္ပဏီ/လုပ်ငန်း စုစုပေါင်း ၃၂၇ ခု၊ ချေးငွေပမာဏ ၇ ဒသမ ၆၃ ဘီလျံအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေး‌ငွေထုတ်ချေးပေးခြင်းကို ‌ဆောင်ရွက်ပေးခဲ့သည်။

ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများကြောင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများကြောင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန်ကာလ စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် ၁ နှစ် သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍမှ ကုမ္ပဏီ/လုပ်ငန်း ၃၂၇ ခုအနေဖြင့် အောက်ပါအခြေအနေများဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေသက်တမ်း ၂ နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် ၁ နှစ် ထပ်မံ တိုးမြှင့်ပေးကြောင်း အသိပေးကြေညာထားသည်။

ပထမနှစ်အတွက် ပထမအကြိမ် အတိုးများအား ပေးဆပ်ပြီး ဖြစ်ရမည်၊ ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများအား ကာလပြည့်မီက ပေးဆပ်ပြီး ဖြစ်ရမည်၊ ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်းများကို ချေးငွေသက်တမ်း ထပ်မံတိုးမြှင့်ပေးသွားမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် အဆိုပါချေးငွေ ထုတ်ပေးခဲ့သည့် မွေးမြူရေးကဏ္ဍမှ လုပ်ငန်း ၃၂၇ ခုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် စေ့ရောက်သည့်နေ့မှစ၍ သက်တမ်း ၁ နှစ် တိုးမြှင့်ပေးကြောင်း အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *