October 22, 2024

၁၉-၁၁-၂၀၂၂

Written by Nay Moe

နွေဦးတော်လှန်ရေးကာလ ၂၁ လ အတွင်း သံဃာ ၆၇ ပါး၊ သီလရှင် တစ်ပါး၊ ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း ၄၀ ဦးအပြင် ကျန်းမာရေးဝန်ထမ်း ၁၃ ဦး လုပ်ကြံသတ်ဖြတ်ခံထားရကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

နွေဦးတော်လှန်ရေးအား ပါဝင်ထောက်ခံမှုမရှိသည့် သံဃာများအား အဓမ္မကို ထောက်ခံခြင်း၊ ဆရာ၊ ဆရာမများအပါအဝင် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများမှာ နစက၏ ယန္တရားလည်ပတ်အောင် လုပ်ဆောင်ပေးခြင်းကြောင့်ဆိုသည့် စွပ်စွဲချက်များကို NLD၊ CRPH NUCC NUG PDF EAOs များဘက်က စွပ်စွဲမှုများ သတ်ဖြတ်မှုပြုမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများ ဖြစ်ပွားခဲ့ပြီးနောက် သံဃာ ၆၇ ပါး၊ သီလရှင် တစ်ပါး၊ ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း ၄၀ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၃ ဦးအပြင် သူလျှို၊ ဒလန်၊ ပျုစောထီး၊ ပြည်သူ့စစ် စသည့် စွပ်စွဲချက်များအောက်တွင်လည်း ပြည်သူ ၄၁၀၀ ကျော် လုပ်ကြံသတ်ဖြတ်ခံထားရကြောင်း သိရသည်။

သံဃာတော်များ လုပ်ကြံသတ်ဖြတ်ခံရမှု အများဆုံးတိုင်းဒေသကြီးမှာ စစ်ကိုင်းတိုင်းတွင် ၂၉ ပါးဖြင့် အများဆုံးဖြစ်နေပြီး မကွေးတိုင်းက ၁၄ ပါးဖြင့် ဒုတိယလိုက်ကာ မန္တလေးတိုင်းက ၁၁ ပါးတိတိသတ်ဖြတ်သဖြင့် တတိယနေရာတွင် ရှိနေသည်။ လုပ်ကြံသတ်ဖြတ်ခံရသော်လည်း သေဆုံးမှုမရှိဘဲ ထိခိုက်ဒဏ်ရာရသည့် သံဃာအပါး ၃၀ နှင့် သီလရှင်တစ်ပါးရှိပြီး စစ်ကိုင်းတိုင်းမှ သံဃာ ၁၄ ပါး၊ မကွေးတိုင်းမှ သံဃာလေးပါးအပါအဝင် အပါး ၃၀ မှာ ဒဏ်ရာများရရှိခဲ့သည်။ ထို့အတူ ဆရာ ၁၉ ဦး၊ ဆရာမ ၁၇ ဦးနှင့် ပညာရေးဝန်ထမ်း ၄ ဦးကို သတ်ဖြတ်ရာတွင်လည်း စစ်ကိုင်းတိုင်းက ၁၉ ဦးသတ်ဖြတ်ပြီး မကွေးတိုင်းက ၈ ဦး သတ်ဖြတ်ကာ မန္တလေးတိုင်းက ငါးဦးတိတိသတ်ဖြတ်ထားပြီး ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း ၃၈ ဦး ဒဏ်ရာရရှိအောင် တိုက်ခိုက်သတ်ဖြတ်မှုတွင်လည်း စစ်ကိုင်းတိုင်းက ၁၁ ဦးဖြင့် အများဆုံးဖြစ်ခဲ့သည်။ အလားတူ ကျန်းမာရေးဝန်ထမ်း ၁၃ ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ခြောက်ဦး၊ မကွေးတိုင်းဒေသကြီးတွင် သုံးဦး၊ မန္တလေးတိုင်းဒေသကြီးတွင် နှစ်ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၁၉ ဦးရှိကာ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၀ ဦးဖြင့် အများဆုံးဖြစ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်သတ်ဖြတ်မှုများကို NUG နှင့် PDF များက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက“ဒီနေ့အထိ ရဟန်းသံဃာ ၆၇ ပါး သတ်ဖြတ်ခံခဲ့ရပါတယ်။ ဆရာ၊ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ပြည်သူလူထုပေါင်းများစွာ အသတ်ခံခဲ့ရပါတယ်” ဟု ပြောသည်။ အဆိုပါ တိုက်ခိုက်သတ်ဖြတ်မှုများအပြင် ဘုရားစေတီများကိုပါ တိုက်ခိုက်သတ်ဖြတ်လာသည်ကို တွေ့ရှိရပြီး ထိုတိုက်ခိုက်မှုများကို လေ့လာပါက ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်သက်ဝင်ကိုးကွယ်ရာနေရာများကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်လာသည်ကို တွေ့ရကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *