October 20, 2024

၁၄. ၁၁. ၂၀၂၃

Written by Nyein Kyaw

AA ဘက်မှ ဝါဒဖြန့်နေသကဲ့သို့ ရခိုင်ပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့စခန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်ပြီဆိုခြင်းမှာ မဟုတ်မှန်ဘဲ စစ်ရေးဗျူဟာအရ အင်အားနည်းသည့် ရဲတပ်ဖွဲ့စခန်းများကို ပြန်လည်ပေါင်းစည်းမှုများ ဆောင် ရွက်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“တချို့သော ရခိုင်ပြည်နယ်က အင်အားနည်းတဲ့ ရဲတပ်ဖွဲ့ လုံခြုံ‌ရေးယူနေတဲ့ စခန်းတွေကို ပြန်ပြီးတော့ ‌ပေါင်းထားတာရှိတယ်။ ဒါတွေကိုလည်း သူတို့အနေနဲ့ တိုက်ခိုက်သိမ်းပိုက်ရပြီဆိုပြီး ဝါဒဖြန့်နေတာရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အင်အားနည်းစခန်းလေးများကို စစ်နည်း ဗျူဟာအရ ပြန်လည်ပေါင်းစည်းမှုလုပ်နေတာရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုဝင်ဘာ ၁၃ ရက် (ယမန်နေ့)တွင် ရခိုင်ပြည်နယ်အတွင်းရှိ ရဲကင်းငယ်တစ်ခုဖြစ်သည့် ဒုံးပိုက်ရဲကင်းကို AA က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်အနေဖြင့် ကြည်း၊ ရေ ပူးပေါင်းစစ်ဆင်ပြီး ချေမှုန်းလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့က ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *