၁၅. ၁၁. ၂၀၂၃
Written by Nay Moe
NUG ရဲ့ ဩဇာခံ PDF တွေ ဆင်နွှဲနေတဲ့ ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ PDF တွေ အများအပြားသေခဲ့တာကြောင့် မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၄ ရက်ညကစ ရပ်နားထားတယ်လို့ ထီးချိုင့်-ပြည်သူ့ကာကွယ်ရေးက ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ကို နိုဝင်ဘာ ၉ ရက်ကစ KIA နဲ့ PDF တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ခဲ့ပြီး မြို့နဲ့ အနီးပတ်ဝန်းကျင် ဒေသခံပြည်သူတွေကို ဖမ်းဆီးသ-တ်ဖြ-တ်တာ၊ ဆက်ကြေးကောက်တာ၊ လူနေအိမ်တွေနဲ့ အစိုးရ အုပ်ချုပ်မှုယန္တရား ရပ်တန့်စေဖို့ ဌာနဆိုင်ရာအဆောက်အဦတွေ မီးရှို့ဖျက်ဆီးတာ၊ မိုင်းထောင်တာ စတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်လာတာပါ။ ဒီလိုလုပ်ဆောင်လာတဲ့ KIA နဲ့ PDF တွေကို တပ်မတော်စစ်ကြောင်းတွေက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ခဲ့လို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ထီးချိုင့်မြို့ကို နိုဝင်ဘာ ၁၂ ရက်မှာ တပ်မတော်စစ်ကြောင်းတွေက ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။
KIA၊ PDF တွေက နိုဝင်ဘာ ၁၂ ရက်မှာ ဆုတ်ခွာချိန် ထီးချိုင့်မြို့အတွင်းရှိ လူနေအိမ်တွေနဲ့ ဌာနဆိုင်ရာ အဆောက်အဦတွေ မီးရှို့ဖျက်ဆီးတာ၊ မိုင်းထောင်တာ စတဲ့ အဖျက်အမှောင့်လုပ်ရပ်တွေ လုပ်ဆောင်သွားလို့ မိုင်းရှင်းတာ၊ မြို့လုံခြုံရေးဆောင်ရွက်တာတွေ ဒီနေ့အထိလုပ်နေရဆဲဖြစ်တယ်လို့ သိရပြီး ထိတွေ့တိုက်ပွဲမှာ လခရတွေ ထိခိုက်သလို KIA နဲ့ PDF တွေလည်း ရာနဲ့ချီ သေဆုံးခဲ့ရတဲ့အပြင် နှစ်ဖက်တိုက်ပွဲကြားမှာ အပြစ်မဲ့ပြည်သူတွေလည်း သေကြေခဲ့ရပါသေးတယ်။