October 21, 2024

၁၅. ၁၁. ၂၀၂၃
Written by Nay Moe

လွိုင်ကော်တက္ကသိုလ်ကို ဝင်စီးနင်းပြီး ဝန်ထမ်းတွေကို ဖမ်းခဲ့တဲ့ ကယားလက်နက်ကိုင်တွေက Non-CDM ၀န်ထမ်း ၁၃၄ ဦးနဲ့ သူတို့ရဲ့မိသားစု၀င် (၆၄) ဦးကို ဘေးလွတ်ရာ ကယ်ထုတ်ပေးထားတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က မနေ့က နိုဝင်ဘာ ၁၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

လွိုင်ကော်တက္ကသိုလ်က Non-CDM ၀န်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို လူသားချင်းစာနာထောက် ထားရေး၊ လူ့အခွင့်အရေးတွေနဲ့အညီ ပြည်ထဲရေးဌာနရဲ့ စီမံကြီးကြပ်မှုအောက်မှာ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားတယ်လို့ ဆိုထားပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-15_10-07-24-1024x587.jpg

နောက်ဆက်တွဲလုပ်ငန်းစဥ်အဖြစ် Non-CDM နဲ့ပတ်သတ်ပြီး NUCC က ရေးသားပြုစုထားတဲ့ “CDM နိုင်ငံ့၀န်ထမ်းဆိုင်ရာ မူ၀ါဒစာတမ်း”ပါ Non -CDM ဆိုင်ရာ ပြဌာန်း ချက်တွေကို ကိုးကားပြီးဖြစ်စေ၊ လူ့အခွင့်အရေးကို အခြေခံပြီးဖြစ်စေ စီမံဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လွိုင်ကော်တက္ကသိုလ်ကို ကယားလက်နက်ကိုင် KNPP နဲ့ PDF တွေ စီးနင်းချိန်မှာ အမျိုးသမီးဝန်ထမ်းတစ်ယောက်ကို သတ်ဖြတ်ပြီး ခြေနဲ့နင်းထားတဲ့ရုပ်ပုံပေါ်ထွက်ခဲ့သလို ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမသုံးဦးနဲ့ ကလေးသုံးဦး စုစုပေါင်း ခြောက်ဦးကို ကယ်ထုတ်ဖို့လုပ်နေတယ်လို့ တာဝန်ရှိသူတွေပြောပေမဲ့ မြေပြင်မှာတော့ ၁၉၈ ဦးအထိ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အခြေအနေဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *