October 19, 2024

Honey Nest ဗုံးပေါက်မှုမြင်ကွင်းဆိုကာ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသောဓာတ်ပုံ

၁၄. ၁၁. ၂၀၂၃

Written by Nay Moe

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း၊ အမှတ် (၁၁၀) ရှိ Honey Nest DJ Bar မှာ နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ ၂၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ပေါက်ကွဲမှုဟာ ဆိုင်အပြင်ဘက်မှာဖြစ်ခဲ့တာကြောင့် တစ်ဦးတစ်ယောက်မှ မထိခိုက်ဘူးလို့ စုံစမ်းသိရပြီး PDF တွေနဲ့ ဆက်နွှယ်ထောက်ခံသူတွေကလည်း “ရေပေါ်ဆီတွေ ခြောက်လှန့်တာ” ဆိုတာမျိုး ရေးသားနေတာကို တွေ့ရပါတယ်။

Honey Nest DJ Bar ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီ ၅ ရက်တုန်းကလည်း ဗုံးနှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်မှုခံခဲ့ရပြီး အခုကတော့ ဒုတိယအကြိမ်တိုက်ခိုက်ခံရတာဖြစ်သလို အဲဒီအချိန်တုန်းကတော့ Dark Shadow UG PDF က ဗုံးခွဲခဲ့တာဖြစ်ပြီး လက်ရှိလုပ်ရပ်ကိုတော့ ဝန်ခံလာတဲ့ PDF အဖွဲ့ မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *