October 19, 2024

၁၄. ၁၁. ၂၀၂၃

Written by Nay Moe

လယ်တီတောင်ပေါ်ဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင်ပေါ်သို့ PDF ပစ်ခတ်သည့် လက်နက်ကြီးဗုံးသီးကျ၍ စစ်ရှောင်ပြည်သူ ၁၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၁ ရက် မနက် ၈ နာရီတွင် ရှမ်းပြည် နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲရွာ စည်ကား(၂) ရပ်ကွက်ရှိ လယ်တီတောင်ပေါ်ဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင်ပေါ်သို့ PDF များ ပစ်ခတ်ခဲ့သည့် လက်နက် ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါဘုန်းကြီးကျောင်း၌ တိုက်ပွဲရှောင်နေထိုင်ကြသူများ အနက်မှ အဆိုပါကျေးရွာနေသူများဖြစ်သည့် ဦးအောင်ကျော် (၅၀)နှစ်၊ ဦးရန်နိုင်ဦး (၃၄)နှစ်၊ မောင်ဖြိုးဝေထူး (၂၀)နှစ်၊ မောင်ထက်လင်းဦး (၁၆)နှစ်၊ မောင်ထူးခြားအောင် (၁၅)နှစ်၊ မောင်ကျော်ဟန်စိုး (၅)နှစ်၊ ဒေါ်လှရီ (၄၄)နှစ်၊ ဒေါ်မယ် (၄၀)နှစ်၊ ဒေါ်နှင်းမာအေး (၃၉)နှစ်၊ မစိုး (၃၁)နှစ်၊ ဒေါ်သဲမူ (၂၇)နှစ်တို့ ၁၁ ဦးတို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အလားတူ ည ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံ၌ ဗုံးသီးစ ထိမှန်ဒဏ်ရာရရှိထားသည့် ကလေးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖြူးမြို့နယ်၊ ဝဲဒေါင့်ကျေးရွာနေ ဦးမင်းမင်းစိုး၏သားဖြစ်သူ မောင်လျှမ်းမင်းထက် (၁၅)နှစ်အား ဝဲနားနောက်နှင့် ယာပေါင်တို့၌ ဗုံးသီးစထိမှန်ဒဏ်ရာနှစ်ချက် ရရှိထားသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းတို့မိသားစုနေအိမ်၌ရှိနေစဉ် ညနေ ၅ နာရီခွဲခန့်၌ နေအိမ်အရှေ့သို့ PDF များက Drone ယာဉ်ပေါ်မှ Drop Bomb တစ်လုံးပစ်ချခဲ့သဖြင့် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *