October 19, 2024

၁၄. ၁၁. ၂၀၂၃

Written by Nay Moe

သစ်သီးဆိုင်ဖွင့်လှစ်ဖို့ပြင်ဆင်နေတဲ့ ရဲဒုတပ်ကြပ်ရဲ့ ဇနီးကို PDF သုံးဦးက သေနတ်နဲ့ လာပစ်ခတ်လို့ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ေ သ ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ MT News သတင်းဌာနရဲ့ စုံစမ်းမှုအရ သိရပါတယ်။

ဖြစ်စဥ်ဟာ နိုဝင်ဘာ ၁၁ ရက် မနက် ၇ နာရီ ၁၀ မိနစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့၊ သူဌေးကုန်းရပ်ကွက်နေ ဒေါ်…..(၄၁)နှစ်ဟာ သစ်ရာမြိုင်ရပ်ကွက်၊ သစ်ရာမြိုင်ဈေးလမ်းမှာ ဖွင့်လှစ်ရောင်းချလျက်ရှိတဲ့ သစ်သီးဆိုင်ကို ရောင်းချဖို့ သစ်သီးတွေ ခင်းကျင်းနေချိန် PDF သုံးဦး (စိစစ်ဆဲ)က ယာဉ်အမှတ်(စိစစ်ဆဲ) PAJERO အဖြူရောင်မော်တော်ယာဉ်နဲ့ ရောက်ရှိလာပြီး ဒေါ်စန်းစန်းမြင့်ကို သေနတ်နဲ့ အနီးကပ်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့တာပါ။

PDF တွေရဲ့ ပစ်ခတ်မှုကြောင့် ဒေါ်……(၄၁) နှစ်ဟာ ဦးခေါင်းနောက်စေ့က ကျည်ဖောက်ဝင်ပြီး ယာမျက်လုံး ဖောက်ထွက်ဒဏ်ရာတစ်ချက်ရရှိပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး ေသ ဆုံးခဲ့ရတယ်လို့ သိရပြီး လက်ရှိမှာတော့ ကျုးလွန်သူ PDF တွေကို အမှုဖွင့်လှစ်အရေးယူထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *