October 19, 2024

၁၄. ၁၁. ၂၀၂၃
Written by KL

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးဥယျာဥ်၊ ကရဝိတ်ဖောင်အနီး ရေပြင်တွင် ယနေ့(နိုဝင်ဘာ ၁၄ရက်)၊ နံနက် ၇နာရီခန့်က အမျိုးသမီးကြီးတစ်ဦးအလောင်းကို တွေ့ရှိခဲ့ကြောင်း ဒီဃာယုက လူမူကူညီရေးအသင်းထံမှ သိရသည်။

ရေထဲတွင် ကျ၍ ရေနစ်သေဆုံးနေသောအမျိုးသမီးကြီးမှာ အသက် ၆၀ ကျော်အရွယ်ရှိပြီး လတ်တလောတွင် မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိရသေးကြောင်း ရုပ်အလောင်းကို ဆယ်ယူပေးခဲ့သောဒီဃာယုက လူမူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သေဆုံးသူရဲ့အလောင်းကို ဆယ်ယူပြီး ရန်ကုန်ဆေးရုံကြီးကို ပို့အပ်ထားပါတယ်။ ပီအာရ်နံပါတ် ၀၅ပါ။ မိသားစုဝင်တွေနဲ့လည်းအခုထိ အဆက်အသွယ်မရသေးပါဘူး”ဟု ၎င်းကပြောသည်။

အဆိုပါ ရုပ်အလောင်းနှင့်ပတ်သက်၍ သိရှိပါက အသင်းဖုန်း 09778900566 ကို ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *