October 19, 2024

၁၄. ၁၁. ၂၀၂၃
Written by Nay Moe

လွိုင်ကော်တက္ကသိုလ်ကို မနေ့က PDF တွေ စီးနင်းချိန် နိုင်ငံ့ ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကို KNPP နှင့် PDF တွေ သတ်ဖြတ်ပြီး အလောင်းကို ခြေနှင့်နင်းပြီး ဓာတ်ပုံရိုက်ထားတဲ့ပုံ ဒီနေ့ထွက်ပေါ်လာပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ဒီပုံမှာ လွိုင်ကော်တက္ကသိုလ်ကို KNPP နဲ့ PDF တွေ စီးနင်းချိန် ပါချုပ်သေနတ်ထိမှန်ကွယ်လွန်ပြီး ဖမ်းဆီးသွားတာကလည်း ဆရာမ ၃၆ ဦး အထိရှိတယ်လို့ ရေးသားထားတာလည်း ပါဝင်ပါတယ်။

KNPP နဲ့ PDF တွေက မနေ့က မနက် ၈ နာရီလောက်ကစပြီး လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားလို့ ပြန်လည်ကယ်ထုတ်ခဲ့ရသလို ကျန်ရှိနေသေးတဲ့ ဖမ်းဆီးခံရသူတွေကို ဆက်လက်ကယ်ထုတ်ဖို့လုပ်ဆောင်နေတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောကြားထားလို့ လက်ရှိအချိန်မှာ ကယ်ထုတ်ဖို့ ကျန်နေသူ အရေအတွက်နဲ့ ဆက်လက်ဆောင်ရွက်မှုတွေကို တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းနေပြီး ထပ်မံသိရှိရတာတွေကို ဆက်လက်ဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *