October 19, 2024

၁၄. ၁၁. ၂၀၂၃
Written by Thandar

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ Miss Tourism International 2023 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ခီဆာခင်က National Costume ကို မွန်ဘုရင်မကြီး ရှင်စောပုကို လေးလေးနက်နက် ကြည်ညိုလေးစား မြတ်နိုးစွာနဲ့ ပြန်လည်ဖော်ကျူးဂုဏ်ယူစွာ ဖန်တီးထားတဲ့ ‘မရှုံးသောဧကရီ’ ဝတ်စုံနဲ့ ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံက Kota Kinabalu မြို့မှာ Miss Tourism International 2023 ပြိုင်ပွဲကြီးရဲ့ Press Conference ကို ဒီနေ့ နိုဝင်ဘာ ၁၄ ရက် မနက် ၁၁ နာရီက The Palace Hotel KK မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၀ ရက်ကနေ နိုဝင်ဘာ ၂၇ ရက်အထိ မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ Miss Tourism International 2023 ပြိုင်ပွဲကြီးကို ကမ္ဘောဒီးယား ၊ မလေးရှား ၊ ပိုလန် ၊ ထိုင်ဝမ် ၊ ဆွိဒင် ၊ အမေရိက ၊ ရှရှား ၊ ဘရာဇီး စတဲ့ နိုင်ငံပေါင်း ၅၀ ကျော်က အလှ မယ်တွေနဲ့အတူ ခီဆာခင်က ရင်ပေါင်တန်း ဝင်ရောက်ယှဥ် ပြိုင်ရမှာ ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-14_14-22-55-768x1024.jpg

Miss Tourism Myanmar 2023 အလှမယ် ခီဆာခင်ဟာ အသက် ၁၆ နှစ်အရွယ်ဆိုပေမယ့် အခက်အခဲ အတားအဆီး အားလုံးကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ တက်ကြွပြီး မိမိကိုယ်ကို ယုံကြည်မှုရှိသူအနေနဲ့ ဖော်ကျူး ယထားတဲ့ ရှင်စောပုဘုရင်မကြီး စစ်တိုက်ထွက်ဖို့ ဝတ်စုံဒီဇိုင်းကို မှီငြမ်းပြီး ဒီဇိုင်နာကိုစည်သူဝင်း (ST Collection) နဲ့ အဖွဲ့က တီထွင်ဖန်တီးတင်ဆက်ပေးထားတယ်လို့ သိရပါတယ်။

အလှမယ် ခီဆာခင် (ခ)ခင်ခင်မိုးထက်စံကတော့ Miss Earth Land Myanmar 2023 Winner နဲ့ The Best Of Speak out Award ဆုကို ရရှိထားလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *