October 19, 2024

၁၄. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံရဲတပ်ဖွဲ့ မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ထိုင်းနိုင်ငံသို့လာရောက်သော တရုတ်ခရီးသွားများအတွက် လုံခြုံစိတ်ချရမှုပိုမိုကောင်းမွန်စေဖို့ ထိုင်းနိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားတွေ အဓိကလည်ပတ်ကြတဲ့မြို့ကြီးတွေမှာ တရုတ်ရဲတပ်ဖွဲ့ဝင်များကပါ လာရောက်ကင်းလှည့်စောင့်ရှောက်ပေးလိုတယ်ဆိုတဲ့ အစီအစဉ်က လုံးဝမဖြစ်နိုင်‌ကြောင်း နိုဝင်ဘာ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ ကမ၁္ဘလှည့်ခရီးသွားအာဏာပိုင်အဖွဲ့(TAT) ရဲ့ အုပ်ချုပ်ရေးမှူး သာပါနီး ကီးယတ်ဖိုင်ဘူးလ်က နိုဝင်ဘာ ၁၂ ရက်မှာ ဝန်ကြီးချုပ်ဆရက်သာနဲ့ဆွေးနွေးခဲ့ရာမှာ တရုတ်ခရီးသွားများပိုမိုဝင်ရောက်လာစေဖို့အတွက် ထိုကဲ့သို့အဆိုပြုချက်ကိုတင်ပြခဲ့ခြင်းပါ။ ဒါပေမယ့် အမည်မဖော်လိုတဲ့ အဆိုပါထိုင်းအဆင့်မြင့်ရဲအရာရှိက ထိုင်းနိုင်ငံရဲ့လုံခြုံရေးဆိုင်ရာဥပဒေအရ တရုတ်ရဲတွေ ထိုင်းမြို့ကြီးတွေမှာ လာရောက် ကင်းလှည့်ဖို့ဆိုတာမဖြစ်နိုင်ပါလို့ ထပ်မံပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့လုံခြုံရေးဆိုင်ရာဥပဒေအရ ထိုင်းရဲ တပ်ဖွဲ့ဝင်တွေကို နိုင်ငံခြားတပ်ဖွဲ့ဝင်တွေနဲပူးပေါင်းပြီး စစ်ဆင်ရေးများပြုလုပ်ဖို့ခွင့်မပြုဘူးလို့လည်း သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-14_13-25-09.jpg

ဝန်ကြီးချုပ် ဆရက်သာက နိုဝင်ဘာ ၁၂ ရက်မှာ TAT အုပ်ချုပ်ရေးမှူး သာပါနီးကို ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့နဲ့ ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရိုတို့မှ တာဝန်ရှိသူတွေနဲ့အတူခေါ်ယူပြီး တရုတ်ခရီးသွားများ ပိုမိုလာရောက်ရေးနဲ့ သတင်းတု သတင်းမှားတွေကို တုံ့ပြန်ရေးဆွေးနွေးခဲ့တာလို့ သိရပါတယ်။ အမည်မဖော်ပြတဲ့သတင်းအရင်းအမြစ်တစ်ခုက လူကုန်ကူးမှုဂိုဏ်းတွေက တရုတ်ကမ္ဘာလှည့်ခရီးသွားတွေကို ပြန်ပေးဆွဲပြီး သူတို့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရောင်းချမှုပြုနေကြတယ်ဆိုတဲ့သတင်းမှားတွေကြောင့် ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုထိခိုက်လာမှာ ဝန်ကြီးချုပ်က စိုးရိမ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် မစ္စက် သာပါနီးရဲ့အဆိုပြုချက်ကို ထိုင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဖော်ပြခဲ့ပြီးနောက်မှာတော့ အင်တာနက်ကြည့်ရှုသူအများစုက နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံနယ်မြေအတွင်း လုပ်ပိုင်ခွင့် အာဏာပေးအပ်မယ်ဆိုတာကမသင့်တော်ကြောင်းနဲ့ ထိုင်းနိုင်ငံအချုပ်အခြာအာဏာကို ထိခိုက်လာနိုင်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။

ဒါ့ပြင် ထိုင်းရဲတပ်ဖွဲ့ရဲချုပ် တော်ဆက် ဆတ်ဝီမိုလ်ကလည်း ထိုင်းရဲတပ်ဖွဲ့က တရုတ်ရဲတပ်ဖွဲ့ဝင်တွေကို ထိုင်းနိုင်ငံအတွင်း ကင်းလှည့်ပေးဖို့ ဆောင်ရွက်ရေး ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေက မဟုတ်မှန်ပါဘူးလို့ နိုဝင်ဘာ ၁၃ ရက်မှာ ထပ်မံငြင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်း ၂၀၂၃ ခုနှစ်မှာ တရုတ်ခရီးသွားအရေအတွက် ၂ ဒသမ ၈ သန်း လာရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုင်းအစိုးရအနေနဲ့ကတော့ ဒီနှစ်မှာ ထိုင်းနိုင်ငံကို တရုတ်ခရီးသွား ၄ သန်းမှ ၄ ဒသမ ၄ သန်းထိ လာရောက်ကြဖို့ မျှော်မှန်းထားခဲ့တာလို့ တရားဝင်ထုတ်ပြန်ချက်တွေက ဆိုပါတယ်။ ကိုဗစ်-၁၉ မဖြစ်မီ ၂၀၁၉ ခုနှစ်ကဆိုရင် ထိုင်းနိုင်ငံကို တရုတ်ခရီးသွား ၁၁ သန်းထိ လာရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

Ref—–Straits Times, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *