October 19, 2024

၁၄. ၁၁. ၂၀၂၃
Written by KL

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချမ်းမြဝတီရပ်ကွက် နယ်မြေ(၂) ၊ အမှတ်(၄)လမ်းရှိ ရွှေမြန်မာဂိုထောင်တွင် နိုဝင်ဘာ ၁၃ ရက် နံနက် ၄ နာရီ ၃၈ မိနစ်ခန့်က အရက်ပုလင်းဂျက်ဖာများ မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုမှာ လေဝင်လေထွက်မကောင်းသော ဂိုထောင်ထဲတွင် အရက်ဂျပ်ဖာများအား ကာလရှည်ကြာစွာ ထပ်၍ သိုလှောင်ထားရှိရာမှ အောင်းပူဖြစ်ပေါ်ပြီး မီးစတင်လောင်ကျွမ်းရခြင်းဖြစ်ကြောင်း မုံရွာမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-14_12-56-02.jpg

မီးလောင်မှုမှာ မိနစ် ၄၀ ကျော်ကြာမြင့်ခဲ့ပြီး ရှောက်အရက်ဂျပ်ဖာ ၂၀ တွင်ပါဝင်သော အရက်ပုလင်း ၄၈၀ နှင့်ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီးနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် ၂၁ ဦးက ငြှိမ်းသတ်ခဲ့သည်။

ဂိုထောင်မီးလောင်မှုနှင့် ပတ်သက်၍ ဦးဇော်မင်းလှိုင်ကို မုံရွာမြို့မရဲစခန်း(ပ) ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *