၁၂. ၁၁. ၂၀၂၃
Written by Nay Moe
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ ကျောက်မဲ – သီပေါလမ်းရှိ ကျင်သီတံတားကို TNLA က မိုင်းခွဲဖျက်ဆီးပြီးနောက် ယနေ့နံနက် ၅ နာရီခွဲအချိန်တွင် ကျင်သီတံတားတပ်စခန်းကို PSLF/TNLA က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးဟုဆိုကာ တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်နေသည့် TNLA ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ကျင်သီတံတားအခန်းတစ်ခုပျက်စီးသွားကာ ပြည်သူများသွားလာ၍ မရဘဲ ဆက်သွယ်မှုလမ်းကြောင်း ပြတ်တောက်နေကြောင်း သိရသည်။
“သီပေါ ကျင်သီတံတား ထက်ပိုင်းကျိုးသွားတာမဟုတ်ပါဘူး။ မိုင်းထိပြီး တံတား အခန်းတခန်း ပွင့်ထွက်သွားလို့ ပိတ်ထားရတာပါ။ လက်ရှိမှာ ကျောက်မဲနဲ့သီပေါကို သွားလို့မရတော့ပါဘူး”ဟု ဒေသခံတစ်ဦးက ဆိုသည်။
TNLA၊ MNDAA နှင့် TNLA တို့ စစ်ပွဲဖော်ဆောင်နေမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူ ၅၀၀၀၀ ကျော် စစ်ရှောင်နေရသည့်အပြင် ကုန်သွယ်မှုလမ်းကြောင်းပြတ်တောက်၍ ဆန်တစ်အိတ် ၂ သိန်းခန့်ဖြစ်ပေါ်ကာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်မှုများလည်း ရင်ဆိုင်နေရသည်။