October 22, 2024

YBS 21 ယာဉ် မီးလောင်ကျွမ်းနေမှုကို တွေ့ရစဉ်

၁၉. ၁၁. ၂၀၂၂

Written by Hey Mar

ကားအင်ဂျင်အပူလွန်ကဲရာမှ YBS 21 ယာဥ်လိုင်းမှ ယာဉ်တစ်စီးလုံး မီးလောင်ပျက်စီးခဲ့မှု ယနေ့နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၆) ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၂၂ လမ်းထိပ်တွင် နိုဝင်ဘာလ ၁၉ ရက် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနောက်ပိုင်းတက္ကသိုလ်နှင့် မော်တင်ပြေးဆွဲသည့် YBS 21 လိုင်းမှ 4P/5928 Daewoo ကားမီးလောင်ခြင်းဖြစ်ကာ မီးသတ်ယာဉ်သုံးစီးဖြင့် ငြှိမ်းသတ်ရာ နံနက် ၉ နာရီ ၅၄ မိနစ်တွင်မီးငြိမ်းကြောင်းနှင့် ယာဉ်တစ်စီးလုံးမှာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“လသာ ၂၂ လမ်းထိပ်၊ ရန်ကုန်ဆေးရုံနောက်ကျောဘက်မှာ မီးလောင်သွားတာပါ။ မြို့ထဲကို ဆင်းတာမို့လို့ ခရီးသည်တွေတော့ ထိခိုက်မှုမရှိပါဘူး”ဟု YBS 21 ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *