၁၂. ၁၁. ၂၀၂၃
Written by Nay Moe
မိုးမောက်မြို့ မံပုံရွာ ရာအိမ်မှူးနှင့် သရက်ချောင်းမြို့နယ်မှ ပဲဒက်ကျေးရွာအုပ်ချုပ်ရေးမှုးကို PDF များက နိုဝင်ဘာ ၉ ရက်တွင် သ-တ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်များမှာ နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီတွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မံပုံကျေးရွာနေ ရာအိမ်မှူး ဦးမျိုးနိုင်(၅၁)နှစ်သည် မိုးမောက်မြို့၊ ကြေးနန်း ရပ်ကွက် ဗန်းမော်-မိုးမောက်သွားကားလမ်းဘေးရှိ “လပြည့်ဝန်း”လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည် ထိုင်သောက်နေစဉ် PDF တစ်ဦး(စိစစ်ဆဲ)က ဆိုင်အတွင်းဝင်ရောက်လာပြီး ဦးမျိုးနိုင်အား သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးမျိုးနိုင်တွင် ဦးခေါင်းဝဲ ချိုစောင်းမှကျည်ဖောက်ဝင်ပြီး ယာပါးကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်။ ထို့ပြင် လက်ဖက်ရည်ဆိုင်အတွင်း အလုပ်လုပ်ကိုင်နေသည့် ဦးထွန်းမြင့်(၄၇)နှစ်တွင် ဝဲခြေဖမိုး ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။ အထက်ပါသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးပြီး သေဆုံး၊ ဒဏ်ရာရရှိခဲ့သူတို့အား မိုးမောက်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝေ(၅၈)နှစ် ၎င်း၏ နေအိမ်မှ တံခွန်တိုင်ကျေးရွာသို့ ထားဝယ်-မြိတ်ကားလမ်းအတိုင်း တစ်ဦးတည်းဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ထားဝယ်-မြိတ် ကားလမ်းမိုင်တိုင်အမှတ်(၆၁/၁) အနီးအရောက်၌ PDF (စိစစ်ဆဲ)များက သေနတ်ဖြင့်ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် ဦးစိုးဝေတွင် လည်ပင်း၊ ရင်ဘတ်၊ ယာလက်နှင့် ယာခါး တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
NUG နှင့် PDF တို့၏ နွေဦးတော်လှန်ရေးစတင်သည့် ၃ နှစ်မပြည့်မီကာလအတွင်း ရဟန်းသံဃာ၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူကလေးသူငယ်၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကျေးဝန်ထမ်းများအပါအဝင် NLD ပါတီဝင်မဟုတ်သောသူ ၆၆၀၀ ကျော်မှာ “ဒလန်၊ သူလျို၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူ”ဆိုသည့် စွပ်စွဲချက်များဖြင့် သ-တ်ဖြ-တ်လုယက်ခံထားရသည်။