October 19, 2024

၁၃. ၁၁. ၂၀၂၃
Written By Thandar

ရှေ့တန်းရောက် စစ်သည်တွေအတွက် နာမည်ကြီး အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေမယ့် “စိတ်ဓာတ်ခွန်အားသစ်လောင်းပွဲ” ကို လာမယ့် ဒီဇင်ဘာ ၁ ရက် ည ၇ နာရီမှာ ကွတ်ခိုင်မြို့မှာ ကျင်းပမယ်လို့ ပိုစတာ ထွက်ရှိလာပါတယ်။

“ကျွန်တော်တို့က ဝန်ကြီး အစည်းအဝေးပွဲ မတက်ဖြစ်လိုက်တော့ မသိဘူး။ တချို့ ဝန်ကြီးနဲ့သွားကြသူတွေ ရှိမယ် ထင်တယ်။ ကျွန်တော်တို့ အစည်းအရုံးက ဆုံးဖြတ်ထားတာတော့ မရှိဘူး” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက တာဝန်ရှိသူတစ်ဦးက MTNews Entertainment ကို ပြောပါတယ်။

ဒီပွဲကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့က ပူးပေါင်းစီစဉ်တာလို့လည်း ပိုစတာကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

အဆိုပါ ဂီတဖျော်ဖြေပွဲစဉ် (၁) အနေနဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ကျော်ရဲအောင်၊ အကယ်ဒမီစိုးမြတ်နန္ဒာ၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ခန့်စည်သူ၊ မိုးအောင်ရင်၊ ဟိန်းဝေယံ၊ စိုးသူ၊ မြင့်မြတ်၊ အကယ်ဒမီ ရဲအောင်၊ အောင်ရဲလင်း၊ လုလင်ပျို၊ ဒိန်းဒေါင်၊ ကြာစိ၊ ကျင်ဝှက်၊ ငြိမ်းချမ်း၊ လမင်းကဗျာ၊ အေမီဈာန်၊ စိုးပြည့်သဇင်၊ နေဆန်း၊ ဖူးပွင့်သခင်၊ ခင်ဝင့်ဝါ၊ ဘေဘီမောင်၊ လီလီကျော်ခိုင်နဲ့ အနုပညာရှင်ပေါင်းများစွာပါဝင်မှာဖြစ်တယ်လို့လည်း ဖော်ပြထားပြီး ဒီပွဲအမှန်တကယ်ဖြစ်မြောက်မမြောက်ကိုတော့ MT News က ဆက်လက်အတည်ပြုနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *