ဘိုင်ဒန်ကို လူမျိုးတုံးသ-တ်ဖြ-တ်မှုဖြင့်စွပ်စွဲ
၁၂.၁၁.၂၀၂၃
အမေရိကန် ပြည်ထောင်စုသမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာ ၁၁ ရက်မှာ သူ့ရဲ့မွေးရပ်မြေ ဒယ်လာဝဲလ်ပြည်နယ်ရှိ နေအိမ်သို့ပြန်လာစဥ် ထောင်ပေါင်းများစွာသော ပါလက်စတိုင်းထောက်ခံဆန္ဒပြသမားတွေကအိမ်အပြင်ဘက်မှာ သူ့ကိုလူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်သူအဖြစ် စွပ်စွဲအော်ဟစ်ကြကာ အစ္စရေး-ဟားမားစ် စစ်ပွဲကိုလည်း အပစ်အခတ်ရပ်စဲပေးဖို့ ဝိုင်းဝန်းအော်ဟစ်တောင်းဆိုမှုတွေနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။
ဂျိုးဘိုင်ဒန်က အဲဒီနေ့နံနက်က စစ်မှုထမ်းဟောင်းနေ့အတွက်မိန့်ခွန်းပြောပြီးအပြန်မှာ ဆန္ဒပြမှုနဲ့ကြုံခဲ့ရတာပါ။ ပါလက်စတိုင်းထောက်ခံဆန္ဒပြသမားထောင်ပေါင်းများစွာက ဂျိုးဘိုင်ဒန်အိမ်အပြင်ဘက်မှာ နိုဝင်ဘာ ၁၁ ရက်မှာ စုရုံးရောက်ရှိလာကြတာပါ။ သူတို့က “သမ္မတ ဂျိုးဘိုင်ဒန်၊ ခင်ဗျားဖုံးကွယ်လို့မရပါဘူး။ ခင်ဗျားကို ကျွန်တော်တို့ လူမျိုးတုံးသ-တ်ဖြတ်မှုတရားစွဲမှာပါ” လို့ အော်ဟစ်ခဲ့ကြပါတယ်။
ဒယ်လာဝဲလ်ပြည်နယ်အနှံ့နဲ့ ပြည်နယ်အပြင်ဘက်က ဆန္ဒပြသမားတွေက သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဒယ်လာဝဲလ်ပြည်နယ်အတွင်း ဝီလ်မင်တန်မြို့ကြီးမှာရှိတဲ့အိမ်မှာ စုဝေးဆန္ဒပြခဲ့ကြတာပါပဲ။
အစ္စရေး-ဟားမားစ် စစ်ပွဲစခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကစလို့ ဘိုင်ဒန်က အစ္စရေးဘက်က ထောက်ခံခဲ့တာပါ။ ဒါတင်မက အမေရိကန်က ထောက်ပံပေးခဲ့တဲ့ ခေတ်မီလက်နက်တွေနဲ့တိုက်ခိုက်မှုက ဂါဇာဒေသအတွင်း အပြစ်မဲ့ပြည်သူပေါင်းများစွာကိုသေဆုံးစေခဲ့တာကြောင့် အမေရိကန်နဲ့အစ္စရေးကို တစ်ကမ္ဘာလုံးလိုလိုက ဝိုင်းဝန်းဆန္ဒပြဖိအားပေးလာကာ အပစ်အခတ်ရပ်စဲရေးတောင်းဆိုလာနေကြတာပါ။
Ref—- Times Now