October 19, 2024

၁၃. ၁၁. ၂၀၂၃
Written By Thandar

၁၉၉၅ ခုနှစ် တက္ကသိုလ်ကျောင်းသားဘဝ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို လွမ်းမောဖွယ် ရိုက်ကူးထားတဲ့ အဆိုတော် ဖြိုးမြတ်အောင်ရဲ့ “သူမနဲ့ ကျွန်တော်ရဲ့ အတ္ထုပ္ပတ္တိ” သီချင်းကို ပရိသတ်အားပေးမှု ရှိနေတယ်လို့ ဆိုပါတယ်။

“ကျွန်တော့်အနေနဲ့ ပရိသတ်တွေအတွက် မတူညီတဲ့ ပုံစံလေးတွေနဲ့ သီချင်းလေး ဖန်တီးဖြစ်တာပါ။ ၁၉၉၅ ခုနှစ် တက္ကသိုလ်ကျောင်းသားဘဝ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို လွမ်းမောဖွယ် ရိုက်ကူးထားတာမို့ ပရိသတ်တွေ အားပေးကြလို့ ဝမ်းသာပီတိဖြစ်ရပါတယ်”လို့ အဆိုတော် ဖြိုးမြတ်အောင်က ပြောပါတယ်။

ဒီတေးသီချင်း Offical Music Video ကို နိုဝင်ဘာ ၁၂ ရက်က အဆိုတော် ဖြိုးမြတ်အောင်ရဲ့ Official Facebook ၊ Phyo Myat Aung You Tube ၊ Hey Play Page နဲ့ YouTube Channel တွေမှာတင်ခဲ့ရာ ပရိသတ်စိတ်ဝင်စားမှုများစွာရရှိခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ တေးသီချင်းကို တေးရေး အယ်ရာက ရေးသားထားပြီး ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်က သရုပ် ဆောင် ဖြိုးမြတ်အောင်၊ အေးမြတ်သူ၊ ယုယုဝေ၊ ထက်သီရိကျော်၊ ဟန်ထူးဇော်နဲ့အတူ အနုပညာရှင်များစွာနဲ့ ရိုက်ကူးထားပါတယ်။

“သူမနဲ့ ကျွန်တော်ရဲ့ အတ္ထုပ္ပတ္တိ” တေးသီချင်းကို အဆိုတော် ဖြိုးမြတ်အောင်က တိတ်တခိုးကြိတ်ပိုး ချစ်ရသူကောင်မလေးကို အချိန်ကာလများစွာ ကြာသည်အထိ ငေးမောကြည့်ရုံနဲ့ ကျေနပ်နေရတဲ့ ကောင်လေးတစ်ယောက်အနေနဲ့ အကယ်ဒမီ အေးမြတ်သူနဲ့အတူ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *