October 19, 2024

၁၃. ၁၁. ၂၀၂၃
Written by KL

လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)၊ ရေဥက္ကံကျေးရွာအုပ်စု၊ သောင်းကြားကျေးရွာရှိ တဲတစ်လုံးတွင် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဂတ်စ်မီးဖိုမှ ဂတ်စ်အိုးပေါက်ထွက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး လက်နှစ်ဖက်လုံး မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဥ်မှာ အလျား ၁၀ပေ ၊ အနံပေ၂၀ ရှိ သွပ်မိုး၊ ထရံကာ၊ ဝါးခင်းနေအိမ်တွင် ဂတ်စ်မီးဖိုဖြင့် ထမင်းအိုးတည်ရာမှ ဂတ်စ်အိုးပေါက်ထွက်ပြီး အနီးရှိ ထရံကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် တဲအိမ်တစ်လုံး မီးလောင်ဆုံးရှုံး​ပြီး အသက် ၄၃ နှစ်အရွယ် အိမ်ရှင် ဦးဇော်လတ်၏ လက်နှစ်ဖက် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၈၅​​ ဖြင့် အိမ်ရှင် ဦးဇော်လတ်ကို အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *