October 19, 2024

၁၃. ၁၁. ၂၀၂၃
Written by Pan Ei

တစ်ခေတ်တစ်ခါက ကမ္ဘာကျော် ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင် ၁၉၈၀ ပြည့်နှစ်လွန်ကာလတွေမှာ ဝတ်ဆင်ခဲ့တဲ့ ဂျာကင်အင်္ကျီကို မကြာသေးမီရက်ပိုင်းအတွင်းက လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၃၀၆,၀၀၀ (ပေါင် ၂ သိန်းခွဲ) နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

အခုချိန်မှာတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင် ၁၉၈၄ ခုနှစ်က Pepsi ကြော်ငြာတစ်ခုမှာ ဝတ်ဆင်ခဲ့တဲ့ အဲ့ဒီဂျာကင် အင်္ကျီကို လေလံပွဲမှာ မရောင်းချခင်ကတည်းက ပေါင် ၂၀၀,၀၀၀ ကနေ ပေါင် ၄၀၀,၀၀၀ ကြား ရရှိနိုင်တယ်လို့ ခန့်မှန့်ထားခဲ့ကြပြီး တကယ်လေလံတင် ရောင်းချပွဲမှာတော့ ပေါင် ၂ သိန်းခွဲနဲ့ ရောင်းချနိုင်ခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-11-13_15-06-54-2.jpg

မိုက်ကယ်ဂျက်ဆင်ရဲ့ အဲ့ဒီဂျာကင်အင်္ကျီဟာ မှတ်မှတ်ရရအဖြစ်ရှိခဲ့ဖူးပြီး မိုက်ကယ်ဂျက်ဆင် Pepsi ကြော်ငြာ ရိုက်ကူးခဲ့စဉ်က မတော်တဆဖြစ်ပွားကာ သူ့ရဲ့ ဆံပင်မီးလောင်သွားခဲ့သလို ဒဏ်ရာပြင်းပြင်းထန်ထန်လည်းရရှိခဲ့ပြီး အဲ့ဒီနောက်မှာတော့ ခုလေလံတင်တဲ့ ဂျာကင်အင်္ကျီကို ပြောင်းလဲဝတ်ဆင်ခဲ့တာပါ။

အဆိုပါ လေလံပွဲမှာ တေးဂီတအမှတ်တရပစ္စည်းပေါင်း ၂၀၀ ကျော်ကို ရောင်းချခဲ့ပြီး အယ်လ်ဗစ် ပရက်စလေ၊ ဂျော်နီမာရ် နဲ့ The Beatles လိုမျိုး တီးဝိုင်းတွေနဲ့ အဆိုတော်တွေရဲ့ ပစ္စည်းတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဂျော့ခ်ျမိုက်ကယ် ဂျာကင်အင်္ကျီနဲ့ အေမီ ဝိုင်းဟောက်စ်ရဲ့ ဆံညှပ်တို့ကိုပါ ရောင်းချခဲ့ပြီး ဂျော့ခ်ျမိုက်ကယ် ဂျာကင်အင်္ကျီဟာ ဒေါ်လာ ၁၁၅,၀၀၀ (ပေါင် ၉၃,၇၅၀) နဲ့ ရောင်းချခဲ့ကာ အဲ့ဒီပမာဏဟာ အင်္ကျီ မရောင်းချမီက ခန့်မှန်းဈေး ပေါင် သုံးသောင်းနဲ့ ခြောက်သောင်းကြားထက် သိသိသာသာပိုခဲ့တဲ့ ပမာဏပဲဖြစ်ပါတယ်။

Ref; Sky News

Leave a Reply

Your email address will not be published. Required fields are marked *