October 19, 2024

၁၃. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttarakhand ပြည်နယ်အတွင်း ၌ ဟိမဝန္တာအဝေးပြေးလမ်းမကြီးစီမံကိန်းအရ လမ်းလိုဏ်ခေါင်းတစ်ခုတည်ဆောက်နေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် နိုဝင်ဘာ ၁၂ ရက်က ပြိုကျမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အလုပ်သမား ၄၀ ဦးခန့်မှာ ပြိုကျအပျက်အစီးများနောက်တွင် ပိတ်မိနေခဲ့ကြသည်။

ကယ်ဆယ်ရေးလုပ်ငန်းကိုချက်ချင်းဆောင်ရွက်ခဲ့ကြရာတွင် ကယ်ဆယ်ရေးအလုပ်သမားများက ပြိုကျလမ်း လိုဏ်ခေါင်းအတွင်းပိတ်မိနေသော အလုပ်သမား ၄၀ အား ၂၄ နာရီအတွင်း ပြန်လည်ဆက်သွယ်မှုပြုနိုင်ခဲ့ပြီး ၎င်းတို့အားလုံး အသက်ရှင် ဘေးကင်းစွာရှိနေကြကြောင်း၊ ၎င်းတို့အား ဆက်လက်ကယ်ထုတ်နိုင်ရေးဆောင်ရွက်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့က နိုဝင်ဘာ ၁၃ ရက်နံနက်က ပြောခဲ့ကြသည်။ ၎င်းတို့က ပိတ်မိအလုပ်သမားများထံ အစားအစာနှင့်ရေကိုလည်း ပို့ပေးနိုင်ခဲ့ကြောင်း ပြောခဲ့ကြသည်။

ပြိုကျမှုက နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးအလုပ်သမားများက ပိတ်မိ အလုပ်သမားများထံအထိ ရောက်ရှိကယ်ဆယ်နိုင်ရန် မြေတူးစက်များဖြင့် ဆောင်ရွက်လျက်ရှိကြသည်။ အောက်ဆီဂျင်ကိုလည်း လိုဏ်ခေါင်းအတွင်းပိတ်နေသော အပိုင်းသို့ ပို့ပေးခဲ့ကြပြီးအစားအသောက်ကိုလည်း ရေပိုက်တစ်ခုမှပို့ပေးနိုင်ခဲ့ကြသည်။

မြေတူးစက်များက ပြိုကျမြေအစိုင်အခဲ ၂၀ မီတာခန့်ကို ဖယ်ရှားနိုင်ခဲ့ကြပြီး ပိတ်မိအလုပ်သမားများက ထို့အနောက် မီတာ ၄၀ ခန့်တွင် ရှိနေကြကြောင်း သိရသည်။လိုဏ်ခေါင်းအတွင်း အပျက်အစီးမြေစိုင်မြေခဲများထူထပ်နေ၍ ကယ်ဆယ်ရေးလုပ်ငန်းမှာ အနည်းငယ်ခက်ခဲနေရကြောင်းလည်း သိရသည်။

အ‌ဝေးပြေးကားလမ်း၏တစ်စိတ်တစ်ပိုင်းဖြစ်သော ထို ကားလမ်းလိုဏ်ခေါင်းက ၄ ဒသမ ၅ ကီလိုမီတာ ရှည်လျားမည်ဖြစ်ကာ အိန္ဒိယနိုင်ငံမြောက်ပိုင်း Silkyara နှင့် Dandalgaon တို့အကြား ဆက်သွယ်ဖောက်လုပ်နေခြင်းဖြစ်သည်။

Ref—–AFP

Leave a Reply

Your email address will not be published. Required fields are marked *