October 19, 2024

၁၃. ၁၁. ၂၀၂၃
Written By Thandar

ကမ္ဘောဒီယားနိုင်ငံမှာ တတိယအကြိမ်မြောက် ကျင်းပနေတဲ့ Miss Planet International 2023 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် နော်အယ်စေးဖော@အယ်အယ် ဝင်ရောက်ယှဉ်ပြိုင်နေပြီလို့ သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက်ကနေ နိုဝင်ဘာ ၁၉ ရက်အထိ ကမ္ဘောဒီယားနိုင်ငံ Phnom Penh မြို့မှာ Miss Planet International 2023 ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၅၀ ဝန်းကျင်က အလှမယ်တွေနဲ့အတူ မြန်မာကိုယ်စားပြု ကရင်မလေး အလှမယ်နော်စေးစေးဖောက ဝင်ရောက်ယှဉ် ပြိုင်နေတာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-13_15-03-10-3-819x1024.jpg

“နော်စေးဖော (နောမီးမီး) ပါ။ သူများတွေလို ခြေလက်မဖြောင့်မရှည်သလို 160 cm တောင် ပြည့်ပါရဲ့လားလို့ကြောက်နေရင်း ကျွန်မကို ဒီ Miss လောကထဲမှာ လက်ခံပါ့မလားကို စိုးရိမ်ခဲ့သူပါ။ ဒါကြောင့် Sponsors တွေတောင်းရမှာကို အားနာတယ်။ အားပေးပါ။ Like တွေ‌ပေးပါ။ ချစ်ပေးပါလို့ပြောရမှာကိုလည်း အားနာပြန်တယ်။ ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အရာအားလုံးကိုအပြုံးမပျက်အောင်ကြိုးစား ရင်ဆိုင်ခဲ့ဖူးပါပြီ။ ဒါကြောင့် အကြမ်းခံနိုင်ပြီလို့ပြောလည်းရပါတယ်” လို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် နော်အယ်စေးဖောက ပြောပါတယ်။

၂၀၂၃ ခုနှစ် မေလက ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ Mister and Miss World Universe International 2023 Grand Final ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ကရင်မလေးနော်အယ်စေးဖော @ အယ်အယ်က 1st Runner Up နဲ့ Title အနေနဲ့ Talent Competition – Top 4 , Swimwear competition – Top 4 နဲ့ Interview – Top 4 ဆုတွေ ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *