October 19, 2024

၁၃. ၁၁. ၂၀၂၃
Written by Nay Moe

မန္တလေး-မြစ်ကြီးနားရထားလမ်းအနီးမှာရှိတဲ့ ရထားဂိတ်စောင့်တဲအတွင်းက အသက် ၆၀ အရွယ် နေ့စားဝန်ထမ်းကို PDF တွေက သ-တ်ဖြ-တ်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်ဟာ နိုဝင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီကဖြစ်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တင်းတိပ်ရပ်ကွက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ အမျိုးသားတစ်ဦး သေဆုံးသွားတယ် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖြစ်စဉ်ကို စိစစ်ခဲ့ရာမှာ စစ်ကိုင်းမြို့နယ်၊ ရွှေမင်းဝံရပ်ကွက်နေ ရထားဂိတ်စောင့် နေ့စားဝန်ထမ်းဖြစ်တဲ့ ဦးမြင့်စိုး(၆၀)နှစ်ဟာ တင်းတိပ်ရပ်ကွက်၊ မန္တလေး-မြစ်ကြီးနားရထားလမ်းအနီးရှိ ရထားဂိတ်စောင့်တဲမှာ တစ်ဦးတည်းရှိနေချိန် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ် သ-တ်ဖြ-တ်သွားခဲ့တာကြောင့် ဦးမြင့်စိုးဟာ ကျည်ထိမှန်ဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေး စတင်ချိန်ကစပြီး ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းအထိ NLD၊ NUG နဲ့ PDF မထောက်ခံတဲ့ပြည်သူတွေ၊ သံဃာတော်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူ ကလေးသူငယ် ၆၆၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တိုရဲ့ သ-တ်ဖြ-တ်မှုခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *