MT News
ဆေးလိပ်အစားထိုးစက်တွေဖြစ်တဲ့ Vape ပစ္စည်းတွေ ရောင်းချတဲ့ ပုစွန်တောင် ရေကျော်က House of Flavors ပစ္စည်းအရောင်းဆိုင်ကို အမျိုးသားလေးဦး၊ အမျိုးသမီးနှစ်ဦးပါဝင်တဲ့ ဖောက်ထွင်းအဖွဲ့က တန်ဖိုးကြီး Vape ပစ္စည်းတွေကို နိုဝင်ဘာ ၁၈ ရက်မနက်ပိုင်းက အိပ်မွေ့ချခိုးယူသွားတဲ့ မြင်ကွင်းမှတ်တမ်းဖြစ်ပါတယ်။
CCTV မှတ်တမ်းတွေထဲမှာတော့ ဖောက်ထွင်းတဲ့တရားခံခြောက်ဦးအား ဆိုင်တွင်းပစ္စည်းတွေကို အေးအေးဆေးဆေးရှာဖွေရယူသွားတာကို တွေ့ရပြီး ဆိုင်ရဲ့ Page Admin ကတော့ ကျုးလွန်သူတွေဟာ ဆိုင်နောက်ဖေးသံပန်းကို အက်ဆစ်လောင်းပြီး ဖွင့်သွားသလို၊ မှန် Slide Door ကိုလည်း သော့ဖျက်ဝင်သွားတယ်လို့ ရေးထားသလို ဆိုင်မှာစောင့်အိပ်တဲ့ ဝန်ထမ်းကိုလည်း အိပ်မွေ့ချခိုးယူတာကြောင့် ဆိုင်တာဝန်ရှိသူတွေ ရောက်လာချိန်မှာ ခက်ခက်ခဲခဲနှိုးခဲ့ရတယ်လို့လည်း သိရပါတယ်။
ပုစွန်တောင်၊ ရေကျော်လမ်းမကြီးမှာ ဖောက်ထွင်းမှုတွေဖြစ်ပွားနေတာ ဒါနဲ့ပါဆိုရင် ခြောက်ဆိုင်မြောက်ဖြစ်တယ်လို့လည်း House of Flavors Vape ပစ္စည်းအရောင်းဆိုင်က ဖြေကြားထားတာ တွေ့ရပါတယ်။