October 19, 2024

၁၃. ၁၁. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယားက နာမည်ကြီး အနုပညာတွေဖြစ်ကြပေမဲ့ အချိန်ကာလတော်တော်ကြာတဲ့အထိ လက်တွဲမြဲခဲ့ကျလို့ ပရိသတ်တွေက အားကျရပြီး ချစ်ခင်ခဲ့ကြတဲ့ မင်းသား Ryu Jun Yeol နဲ့ အဆိုတော်၊ မင်းသမီး Hyeri တို့ဟာ ချစ်သူသက်တမ်း ၇ နှစ်အကြာမှာ လမ်းခွဲလိုက်ကြပြီလို့ ဒီနေ့မှာ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ သတင်းကို တုံ့ပြန်တဲ့အနေနဲ့ Ryu Jun Yeol ရဲ့ အေဂျင်စီ C-JeS Studios နဲ့ Hyeri ရဲ့ အေဂျင်စီ Creative Group ING တို့က “သူတို့ လမ်းခွဲလိုက်တာအမှန်ပဲ” လို့ အတည်ပြုပေးခဲ့ပြီး အချိန်ကြာကြာယူပြီး စဉ်းစားပြီးတဲ့နောက်မှာ လုပ်ဖော်ကိုင်ဘက်တွေ အဖြစ်ပဲဆက်ရှိနေကာ အချင်းချင်း ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-13_13-00-39.jpg

Girl’s Day အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တဲ့ Lee Hyeri နဲ့ Ryu Jun Yeol တို့ဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ထုတ်လွှင့်ပြီးစီးခဲ့တဲ့ နာမည်ကြီး ဒရမ်မာ Reply 1988 မှာ အတူသရုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ သူတို့ရဲ့ အချစ်ရေးကို လူသိရှင်ကြား ထုတ်ပြန်ခဲ့တာပါ။

ကာလရှည်ကြာတွဲခဲ့ကြပြီး လိုက်ဖက်ညီလွန်းခဲ့ကာ ပရိသတ်အချစ်တော် ဖြစ်ခဲ့တဲ့ သူတို့အတွဲရဲ့ ပြတ်စဲတဲ့သတင်းကြောင့် ပရိသတ်တွေက ဝမ်းနည်း၊ နှမြောနေကြကာ ဖျော်ဖြေရေးပိုင်းကလူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း ကာလရှည်ကြာ လက်တွဲခဲ့တဲ့ စုံတွဲဖြစ်တာကြောင့် လမ်းခွဲလိုက်တယ်ဆိုတဲ့အပေါ် ဝမ်းနည်းပေးနေကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; Pinkvilla

Leave a Reply

Your email address will not be published. Required fields are marked *